အင်းလေးကန်တဝိုက်ရှိ အင်းသား ၊ ပအို့ဝ် ၊ ဓနု နှင့် တောင်ရိုးကျေးရွာများတွင် ကျားနှင့်မအကြား လူမှုရေးသတ်မှတ်ချက်အရကွဲပြားမှုအား ခွဲခြမ်းစိတ်ဖြာသုံးသပ်မှု

English

pdf (1MB)

Download

အင်းလေးကန်တဝိုက်ရှိ အင်းသား ၊ ပအို့ဝ် ၊ ဓနု နှင့် တောင်ရိုးကျေးရွာများတွင် ကျားနှင့်မအကြား လူမှုရေးသတ်မှတ်ချက်အရကွဲပြားမှုအား ခွဲခြမ်းစိတ်ဖြာသုံးသပ်မှု

2013- October 27

UNDP မြန်မာ၏ အင်းလေးကန် ထိန်းသိမ်းစောင့်ရှောက်ရေး နှင့် ပြန်လည်ထူထောင်ရေး စီမံချက်အောက်တွင် လူမှုရေးသတ်မှတ်ချက်အရကျား/မကွဲပြားမှုအယူအဆအား လူအများ အကျွမ်းဝင်လက်သင့်ခံလာစေရေး ထိရောက်သော နည်းဗျူဟာ ရေးဆွဲရာ၌ အထောက်အကူဖြစ်မည့် သတင်းအချက်အလက်များကို စုစည်းရန် အင်းလေးကန်အနီးတဝိုက်မှ ရွေးချယ်ထားသောရပ်ရွာလူ့အဖွဲ့အစည်းများ၌ ကျားနှင့်မအကြား လူမှုရေးသတ်မှတ်ချက်အရ ကွဲပြားမှုအား ခွဲခြမ်းစိတ်ဖြာသုံးသပ်မှုကို ပြုလုပ်ထားသည်။

အရည်အသွေးစံထား စစ်တမ်းတွင် စီမံချက်ဝင် ကျေးရွာ ၁၆ ရွာတွင်‌ နေထိုင်သည့် ချို့တဲ့သည့်အသိုင်းအဝိုင်းမှ ၁၈ နှင့် ၅၅ နှစ်ကြား ကျေးရွာသူကျေးရွာသားများပါဝင်ခဲ့သည်။ ကျေးရွာသူ ၁၄၉ ဦး နှင့် ကျေးရွာသား ၁၂၈ ဦး စုစုပေါင်း ၂၇၇ ဦးကို တွေ့ဆုံမေးမြန်းထားသည်။ လေ့လာမှုပြုရာဧရိယာကို ညောင်ရွှေနှင့် ပင်းတယမြို့နယ်များရှိ အင်းလေးကန်အနီးတဝိုက်မှ စီမံချက်ဝင်ကျေးရွာ ၁၆ ရွာနှင့် ဖွဲ့စည်းထားသည်။

ကျားနှင့်မအကြား လူမှုရေးသတ်မှတ်ချက်အရကွဲပြားမှုအား ခွဲခြမ်းစိတ်ဖြာမှုမှ တွေ့ရှိချက်ကို ဤအစီရင်ခံစာက ဖော်ပြထားသည်။ အိမ်ထောင်စုအဆင့်တွင် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေနေနိုင်စွမ်းသည် မြေရာ ၊ ငွေကြေး ၊ ချေးငွေ နှင့် ကိရိယာများအား ထိန်းချုပ်နိုင်မှု ၊ မှီခိုမှုအချိုးနိမ့်ခြင်း ၊  ကျန်းမာရေးကောင်းမွန်ခြင်းနှင့် ပုဂ္ဂလ ကူးသန်းသွားလာနိုင်မှု ၊ အိမ်ထောင်စု ရပိုင်ခွင့်နှင့် စားနပ်ရိက္ခာဖူလုံမှု ၊ ဘေးကင်းသောအရပ်တွင် လုံခြုံသောအိမ်ရာရှိခြင်း ၊ အကြမ်းဖက် မခံရခြင်းပေါ်တွင် မူတည်ကြောင်း ဖော်ထုတ်ထားသည်။ ဤလေ့လာမှု၏ မြေရာ ၊ ငွေကြေး ၊ ချေးငွေနှင့် ကိရိယာများနှင့်ပတ်သက်သည့် တွေ့ရှိချက်များအရ လေ့လာဆန်းစစ်မှုပြုခဲ့သည့် ကျေးရွာများရှိအမျိုးသမီးများအနေဖြင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့် လိုက်လျောညီထွေနေနိုင်မှုနှင့် အလှမ်းဝေးလျက်ရှိကြောင်း ကောက်ချက်ချနိုင်သည်။

Document Type
Regions and Countries