ပြန်ကြားဆက်သွယ်ရေးလုပ်ငန်းဗျူဟာ - “မြန်မာပြည်အပူပိုင်းဒေသရှိ ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာဖူလုံရေးအပေါ် ရာသီဥတုပြောင်းလဲမှု၏ ဘေးအန္တရာယ်အလားအလာများအား ဖြေရှင်းဆောင်ရွက်ခြင်း”

English

pdf (1MB)

Download

ပြန်ကြားဆက်သွယ်ရေးလုပ်ငန်းဗျူဟာ - “မြန်မာပြည်အပူပိုင်းဒေသရှိ ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာဖူလုံရေးအပေါ် ရာသီဥတုပြောင်းလဲမှု၏ ဘေးအန္တရာယ်အလားအလာများအား ဖြေရှင်းဆောင်ရွက်ခြင်း”

2015- May 31

ဗဟုသုတများ နှင့် လုပ်ဆောင်ချက်ကောင်းများအား မီဒီယာများထံမှတဆင့် ဝေမျှခြင်းဖြင့် စီမံချက် ထင်ပေါ်စေရေး စီမံချက်အဖွဲ့က မြှင့်တင်ပေးရာတွင် အသုံးပြုရမည့် ကျယ်ပြန့်သောမူဘောင်တခုကို ပြန်ကြားဆက်သွယ်ရေးလုပ်ငန်းဗျူဟာက ပံ့ပိုးပေးသည်။ အစိုးရဌာနအမျိုးအမျိုး ၊ စီမံချက်အဖွဲ့ နှင့် မြန်မာနိုင်ငံဆိုင်ရာ UNDP ရုံး တို့အကြားက ပြန်ကြားဆက်သွယ်ရေးအား ထိရောက်စေမည့်နည်းလမ်းဖြင့် အံကိုက်စီမံထားကြောင်း သေချာမှုရှိစေရေး ဌာနတွင်းပြန်ကြားဆက်သွယ်ရေးလမ်းညွှန်ချက်များ ပါဝင်သည်။

ရှိနှင့်ပြီးသတင်းအချက်အလက်ဝေမျှရာကွန်ယက်များနှင့် ဖိုရမ်များမှတဆင့် စီမံချက် ကြားဝင်ဆောင်ရွက်မှုဇုန်အတွင်းအပြင်၌ စီမံချက်၏ရလဒ်များကို ဖြန့်ဝေပါမည်။ အဆုံးသတ်တွင် စီမံချက်အကောင်အထည်ဖော်ရေးအတွက် အထောက်အကူဖြစ်မည် ၊ သင့်လျော်သည်ဟုယူဆရသည့် အခြားတပါးသော ဖြန့်ချိရေးကွန်ယက်များနှင့်တကွ သိပ္ပံနှင့်မူဝါဒအခြေပြုကွန်ယက်များအား စီမံချက်က ရွေးချယ်ဖော်ထုတ်ပြီး (ဆီလျော်သက်ဆိုင်မှုရှိသည့်အခါတိုင်း) ပါဝင်မည်ဖြစ်သည်။

အခြားအလားတူစီမံချက်များအား ဒီဇိုင်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ရာတွင် အကျိုးဖြစ်ထွန်းစေမည့်အခါတိုင်း စီမံချက်က တွေ့ကြုံခဲ့ရသောသင်ခန်းစာများကို ရွေးချယ်ဖော်ထုတ် ၊ ခွဲခြမ်းစိတ်ဖြာပြီး ဝေမျှပါမည်။

Regions and Countries