အင်းလေးကန်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေး - မြန်မာပြည်မှ ဘဝဖြစ်စဉ်များ

အင်းလေးကန်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေး - မြန်မာပြည်မှ ဘဝဖြစ်စဉ်များ

2016- April 7

အင်းလေးကန် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် တတပ်တအား အားဖြည့်ပေးသည့် ရပ်ရွာအခြေပြုလုပ်ဆောင်မှုများအား တိုက်တွန်းအားပေးပြီး ကူညီပံ့ပိုးရာမှ ရရှိခဲ့သော ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်နှင့် ၎င်း၏မိတ်ဖက်များဖြစ်ကြသော ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ အတွေ့အကြုံကို မှတ်တမ်းပြုစုရန် ဤဇတ်ပေါင်းစုက ရည်ရွယ်ပါသည်။ မနုဿ ၊ သဘာဝ နှင့် လူတို့၏အပြုအမူကြောင့်သဘာဝပတ်ဝန်းကျင်ထိခိုက်ခြင်း (anthropogenic) အကြောင်းတရားများကြောင့် လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း အင်းလေးကန်နှင့် ၎င်း၏ရေဝေရေလဲဒေသများတွင် သဘာဝပတ်ဝန်းကျင်နှင့် မြေမျက်နှာပြင်ဆိုင်ရာ ဆိုးရွားသောအရည်အသွေးလျော့ကျမှု ခံစားလာရသည်။ ရာသီဥတုပြောင်းလဲမှု၏ အကျိုးဆက်များ ၊ လူဦးရေမြန်မြန်ဆန်ဆန် တိုးတက်လာခြင်း နှင့် ရေရှည်တည်တံ့မှုမရှိသည့် အလွန်အကျွံအပြုအမူများကြောင့် ရေမျက်နှာပြင်မြန်မြန်ဆန်ဆန်နိမ့်ကျပြီး ရေအရည်အသွေးကျဆင်းလာခဲ့သည်။ အင်းလေးကန်၏ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များမှာ လွန်ကဲဆိုးရွားစွာ အန္တရာယ်ကြုံတွေ့နေရသည်။

ယိုယွင်းပျက်စီးလာသည့် ကန်အခြေအနေ နှင့် ကန်အတွင်း မှီတင်းနေထိုင်သူများအတွက် ဆောင်ရွက်ပေးရန် အရေးပေါ်လိုအပ်ချက်အဖြစ် နော်ဝေးနိုင်ငံအစိုးရ၏ ဘဏ္ဍာငွေအကူအညီဖြင့် ၂၀၁၂ ခုနှစ်၌ စတင်ခဲ့သော UNDP အင်းလေးကန် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေး စီမံချက်လက်အောက်၌ ဤဇတ်လမ်းများတွင်ဖော်ပြထားသော တီထွင်ကြံဆပြုမှုများကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ ပန်းတိုင်မှာ သဘာဝပတ်ဝန်းကျင်အရည်အသွေးလျော့ကျလာခြင်းအား နောက်ကြောင်းပြန်လှည့်နိုင်ရန်နှင့် ဒေသခံလူထု၏ ဘဝများအား မြှင့်တင်ရန်ဖြစ်သည်။

Document Type
Regions and Countries