အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက်

အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက်

2019- August 5

အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးစီမံချက် ကို ဥရောပသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ကယ်ဆယ်ရေးနှင့် အကူအညီပေးရေးအဖွဲ့ (ECHO) ၏ ဘဏ္ဍာငွေပံ့ပိုးမှု ၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနနှင့်ပူးပေါင်း၍ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က ရေးဆွဲပါသည်။

ပြင်းအားကြီးငလျင် နိုင်ငံအတွင်း လှုပ်ခတ်ပါက အိုးအိမ်နှင့်ပိုင်ဆိုင်ပစ္စည်းများပျက်စီးမှု လျော့နည်းစေရန် ၊ ဒဏ်ရာရရှိမှုနှင့်အသက်ဆုံးရှုံးမှုတို့အား လျော့ချရန် ၊ အချိန်မနှောင့်နှေးစေဘဲ ထိခိုက်ခံစားရသောသူအများ၏ဘဝ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိစေရန် ရည်ရွယ်ပါသည်။

မြန်မာနိုင်ငံဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များထံ အရောက်လှမ်းနိုင်ရေး အထောက်အကူဖြစ်စေရန် နှင့် မြန်မာနိုင်ငံက ထောက်ခံအတည်ပြုထားသော ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ မူဘောင်များအား တုံ့ပြန်ဆောင်ရွက်နိုင်ရန်အလို့ငှာ ရေးဆွဲထားပါသည်။