လူပေါင်း နှစ်သန်းကျော်အထိ ရောက်ရှိကူညီနိုင်မှု- မြန်မာနိုင်ငံ အကျပ်အတည်းကာလအတွင်း ပြန်လည်ထူထောင်ရေးနှင့် မျှော်လင့်ချက်များ

2024- February 26
UNDP သည် မြန်မာနိုင်ငံရှမ်းပြည်နယ်ရှိ တောင်သူလယ်သမားများအား လယ်ယာကုန်ထုတ်စွမ်းအားမြှင့်တင်နိုင်ရန်အတွက် ပိုမိုကောင်းမွန်သော စိုက်ပျိုးနည်းစနစ်များကို ပံ့ပိုးပေးကာ အကောင်အထည်ဖော်ခြင်းဖြင့် ကူညီပေးလျက်ရှိသည်။

UNDP သည် မြန်မာနိုင်ငံရှမ်းပြည်နယ်ရှိ တောင်သူလယ်သမားများအား လယ်ယာကုန်ထုတ်စွမ်းအားမြှင့်တင်နိုင်ရန်အတွက် ပိုမိုကောင်းမွန်သော စိုက်ပျိုးနည်းစနစ်များကို ပံ့ပိုးပေးကာ အကောင်အထည်ဖော်ခြင်းဖြင့် ကူညီပေးလျက်ရှိသည်။

UNDP/Su Sandi Htein Win

မြန်မာနိုင်ငံရှိ ပြည်သူများသည် နေ့စဉ်နှင့်အမျှ အသက်ရှင်ရပ်တည်ရန် ခက်ခက်ခဲခဲ ရုန်းကန်နေကြရပြီး အကြောက်တရားများ စိမ့်ဝင်ပျံ့နှံ့နေသည့် ပတ်ဝန်းကျင်တွင် နေထိုင်နေကြရပါသည်။  ဤအခြေအနေတွင် UNDP သည် အခက်အခဲကြားမှပင် မြေပြင်အခြေအနေများ တိုးတက်ကောင်းမွန်လာစေရန် ကြိုးစားလုပ်ဆောင်နေပါသည်။ UNDP သည် အလွန်ထိခိုက်လွယ်သော အကူအညီအလွန်လိုအပ်နေသည့် လူ ၂ သန်းသို့ ရောက်ရှိကူညီခဲ့ပြီး ထိုကူညီမှုသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီများမှ ရောက်ရှိသူ လေးသန်းထဲတွင် ပါ၀င်လာခဲ့သည်။ ၎င်းသည် နိုင်ငံတစ်ဝှမ်းရှိ ကျယ်ပြန့်သော ကူညီမှုများကို လုပ်ဆောင်နေပြီး မိတ်ဘက်အဖွဲ့အစည်းများနှင့် ယုံကြည်စိတ်ချရသည့် ဆက်ဆံရေးရှိသော အေဂျင်စီအနည်းငယ်တွင် ပါဝင်ပါသည်။

UNDP ၏ အသက်မွေးဝမ်းကျောင်းမှု ပံ့ပိုးရေးအစီအစဉ်မှ ညောင်ဦးမြို့နယ်ရှိ အမျိုးသမီးများအား ပုံမှန်၀င်ငွေနှင့် သင့်တင့်လျောက်ပတ်သော အသက်မွေး၀မ်းကြောင်းရှိစေရန် ပံ့ပိုးပေးသည့် ဆိတ်များကို မွေးမြူထားသည့် အမျိုးသမီးအများအပြားထဲမှ တစ်ဦးဖြစ်သူ ဒေါ်ဖြူခိုင်အားတွေ့ရစဥ်။

UNDP ၏ အသက်မွေးဝမ်းကျောင်းမှု ပံ့ပိုးရေးအစီအစဉ်မှ ညောင်ဦးမြို့နယ်ရှိ အမျိုးသမီးများအား ပုံမှန်၀င်ငွေနှင့် သင့်တင့်လျောက်ပတ်သော အသက်မွေး၀မ်းကြောင်းရှိစေရန် ပံ့ပိုးပေးသည့် ဆိတ်များကို မွေးမြူထားသည့် အမျိုးသမီးအများအပြားထဲမှ တစ်ဦးဖြစ်သူ ဒေါ်ဖြူခိုင်အားတွေ့ရစဥ်။

UNDP/Su Sandi Htein Win

အာဏာသိမ်းမှုဖြစ်အပြီး သုံးနှစ်အကြာ နိုင်ငံတစ်ဝှမ်းတွင် နေ့စဥ်နှင့်အမျှ အန္တရာယ်နှင့် စိတ်တုန်လှုပ်ဖွယ်ရာ ဖြစ်ရပ်များစွာကို ကြုံတွေ့နေရသည်။ ပိုမိုနက်ရှိုင်းလာနေသော ပဋိပက္ခများနှင့် အကျပ်အတည်းများသည် တိုင်းပြည်၏စီးပွားရေးကို ကမောက်ကမဖြစ်စေကာ ပြည်သူများ၏ဝင်ငွေနှင့် အလုပ်အကိုင်များလည်း ပျက်သုဥ်းပြီး ပြည်သူ့ဝန်ဆောင်မှုများကို ပြိုလဲစေခဲ့သည်။ ၎င်းအရာအားလုံး၏ အကျိုးသက်ရောက်မှုသည် နေ့စဉ်နှင့်အမျှ ရှင်သန်ရပ်တည်ရေးအတွက် ရုန်းကန်နေရသည့် သန်းပေါင်းများစွာသော လူများအပေါ်တွင် ဖိစီးထားသည်။

နိုင်ငံ၏စီးပွားရေး တိုးတက်မှုနှုန်းသည် တရွေ့ရွေ့ထိုးဆင်းလာကာ အောက်ခြေသို့ရောက်ပြီး ပြန်လည်ကောင်းမွန်လာမည့် အရိပ်အယောင်များမပြဘဲ တည့်မတ်ရန်ခက်ခဲသည့် အခြေအနေသို့ ရောက်ရှိနေပါသည်။ ကမ္ဘာ့ဘဏ်၏ ၂၀၂၄ခုနှစ်အတွက် တိုးတက်မှုခန့်မှန်းချက်တွင် သုံးရာခိုင်နှုန်းမှ တစ်ရာခိုင်နှုန်းသို့ အဆင့်လျှော့ကျခဲ့သည်။ လယ်ယာ၀င်ငွေဆုတ်ယုတ်မှုသည် အပြင်းထန်ဆုံးဖြစ်ပြီး ပဋိပက္ခများ ပိုမိုပြင်းထန်လာသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဤဒဏ်ကို အဆိုးရွားဆုံးခံစားနေရသည်။ စား၀တ်နေရေးအခက်အခဲကို ယာယီနည်းလမ်းများဖြင့် ဖြေရှင်းနေရသည့် သူများအတွက် ဖြေရှင်းရေးနည်းလမ်းများအားလုံး ကုန်ဆုံးသွားသောအခါ နိုင်ငံရွှေ့ပြောင်းနေထိုင်မှုသည် နောက်ဆုံးနည်းလမ်း ထွက်ပေါက်တစ်ခု ဖြစ်လာခဲ့သည်။ ထိုသို့သော မရေရာသည့် အခြေအနေများအောက်တွင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီများအနေဖြင့် ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုနှင့် ပံ့ပိုးကူညီမှုများကို မည်သည့်နေရာတွင် အာရုံစိုက်ရမည်ကို သိရှိခြင်းမှာ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာသည်။

) ရှမ်းပြည်နယ်ရှိ ဝင်ငွေနည်းအိမ်ထောင်စုမှ အမျိုးသမီးများသည် အသက်မွေး၀မ်းကြောင်းကျွမ်းကျင်မှုဖြင့် ခိုင်မာအားကောင်းသော အသိုက်အ၀န်းကို တဆင့်ချင်းစီ တည်ဆောက်နိုင်ရန်အတွက် UNDP ၏ အသက်မွေးဝမ်းကျောင်းသင်တန်းကို တက်ရောက်နေကြစဥ်။

ရှမ်းပြည်နယ်ရှိ ဝင်ငွေနည်းအိမ်ထောင်စုမှ အမျိုးသမီးများသည် အသက်မွေး၀မ်းကြောင်းကျွမ်းကျင်မှုဖြင့် ခိုင်မာအားကောင်းသော အသိုက်အ၀န်းကို တဆင့်ချင်းစီ တည်ဆောက်နိုင်ရန်အတွက် UNDP ၏ အသက်မွေးဝမ်းကျောင်းသင်တန်းကို တက်ရောက်နေကြစဥ်။

UNDP/Su Sandi Htein Win

UNDP နှင့် UN Women တို့၏  ပူးတွဲစစ်တမ်းကောက်ယူမှုတစ်ခုအရ ဤဆိုးရွားသောပတ်ဝန်းကျင်တွင် အမျိုးသမီးများသည် ဝင်ငွေကျဆင်းခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ သိသိသာသာရှားပါးလာခြင်း၊ လုပ်ခမရသောအလုပ်ဝန်ထုပ်ဝန်ပိုးများ တိုးမြင့်လာခြင်း၊ မလုံခြုံမှုနှင့် ကြောက်ရွံ့မှုများ မြင့်တက်လာခြင်းစသည့် အချိုးအစားမညီမျှသော အကျိုးဆက်များကို ကြုံတွေ့ရကြောင်း တွေ့ရှိရပါသည်။

လုံခြုံမှုမရှိခြင်းသည် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ နှစ်ခုစလုံးတွင် ဖြစ်သော်လည်း လူမှုဖူလုံရေး အာမခံချက်မရှိခြင်း၊ ငွေကြေးနှင့် အသက်မွေးဝမ်းကျောင်းမှုများ မရှိခြင်းတို့ကြောင့် အများဆုံး ဖြစ်ပေါ်လာသည့် အားနည်းချက်လည်း ဖြစ်သည်။ ထိုအခါလူများသည် အစားလျော့စားခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ မခံယူခြင်း၊ မိမိပိုင်ဆိုင်မှုများကို ထုခွဲရောင်းချခြင်းနှင့် ငွေကြေးချေးငှားခြင်းအစရှိသည့် အန္တရာယ်များသော ရေတိုဖြေရှင်းနည်းများကို အသုံးပြုကြရတော့သည်။

ဝေးလံခေါင်သီသော ကျေးလက်ဒေသများတွင် အလုပ်လုပ်ကိုင်သော အမျိုးသမီးများသည် ဆင်းရဲ.ချမ်းသာနှင့် ကျားမရေးရာ အချိုးအစားမညီမျှသည့် အကျိုးဆက်များကို အများဆုံး ခံစားနေရသည်။

ဝေးလံခေါင်သီသော ကျေးလက်ဒေသများတွင် အလုပ်လုပ်ကိုင်သော အမျိုးသမီးများသည် ဆင်းရဲ.ချမ်းသာနှင့် ကျားမရေးရာ အချိုးအစားမညီမျှသည့် အကျိုးဆက်များကို အများဆုံး ခံစားနေရသည်။

UNDP ၏ Myanmar Development Observatory (MDO) မှလည်း သုတေသနပြုချက်နှင့် အစီရင်ခံစာများထုတ်ဝေကာ မြန်မာနိုင်ငံ၏ ထိခိုက်လွယ်ဆုံးသော လူဦးရေကို ဖော်ထုတ်နိုင်စေရန်နှင့် ၎င်းတို့၏ ကြီးထွားလာနေသော လိုအပ်ချက်များကို ဖြေရှင်းရန်အတွက် ဝန်ဆောင်မှုများနှင့် အထောက်အပံ့များ ပေးအပ်နိုင်စေမည့် အရေးကြီးသော အချက်အလက်များကို ဆက်လက်ပံ့ပိုးပေးလျက်ရှိသည်။

၂၀၂၃၊ မေလတွင် တိုက်ခတ်ခဲ့သော မိုခါဆိုင်ကလုန်း သည် နိုင်ငံ၏ နေရာအနှံ့အပြားကို ပျက်စီးစေခဲ့ပြီး စစ်ကောင်စီမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်ချက်နေသည့် ဒေသများတွင် ကြီးမားသော သွားလာရေးကန့်သတ်ချက်များ ပိတ်ပင်ချမှတ်ခဲ့သည်။ သို့သော်လည်း UNDP မှ လူပေါင်း ၇၀၀,၀၀၀ ကျော်ဆီသို့ ထောက်ပံ့ရေး အကူအညီများ ရောက်ရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပြီး မုန်တိုင်းဒဏ်သင့်သူများ၏ နေအိမ်များ ပြုပြင်ခြင်း၊ လမ်းများရှင်းလင်းခြင်းနှင့် စားနပ်ရိက္ခာဖူလုံမှု တိုးတက်စေရန် မျိုးစေ့များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ရပ်ရွာလူထုပိုင်ဆိုင်ပြီး ၄င်းတို့ကပင် စီမံခန့်ခွဲကာ ရေရှည်တည်တံ့သော ဖြေရှင်းနည်းကို ပံ့ပိုးပေးသည့် ရပ်ရွာရေပေးဝေရေး အခြေခံအဆောက်အအုံများကိုလည်း  တည်ဆောက်ပေးခဲ့သည်။ ဤနည်းဖြင့် UNDP က အရေးပေါ်အခြေအနေများတွင် လက်တွဲထူမပေးခြင်းသည် လက်ကမ်းပေးအပ်ခြင်းများကဲ့သို့ အရေးကြီးကြောင်း ပြသခဲ့သည်။ 

“မုန်တိုင်းတိုက်လို့ ကျွန်မအရင်ကအလုပ်လုပ်ခဲ့တဲ့ စက်ချုပ်ဆိုင်လည်းပြိုသွားတာ ကြောင့် အလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်။ စက်ချုပ်ဆိုင်က ဘာမှမရှိတော့လောက်အောင် ပြိုကျပျက်စီးသွားလို့ ကျွန်မရဲ့အလုပ်ရှင်ကတော့ အခုအချိန်ထိ ပြန်ပြီးတည်ဆောက်ဖို့ ကြိုးစားနေဆဲပါပဲ။ အရင်စက်ချုပ်တဲ့ အလုပ်ကိုပြန်ပြီး လုပ်ဖို့စောင့်နေတုန်းမှာ လတ်တလော ဝင်ငွေလည်းရပြီး စားဝတ်နေရေး အဆင်ပြေအောင်ဖန်တီးပေးတဲ့အတွက် ကျေးဇူးတင်ဝမ်းသာမိပါတယ်။ ဒီကရတဲ့ လုပ်အားခတွေကို ကျွန်မတို့မိသားစု အစားအသောက် ဝယ်ယူတဲ့နေရာမှာ အသုံးပြုသွားမှာပါ။" ဟု ၂၀၁၉ ခုနှစ်က စစ်တွေသို့ စစ်ဘေးတိမ်းရှောင်လာခဲ့သော၊ ယခုတွင်လည်း UNDP လမ်းရှင်းသည့်လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်နေသူ မမြဝင်း (အမည်လွှဲ) မှ ပြောပြသွားခဲ့ပါသည်။

UNDP ၏ လုပ်အားအတွက် ငွေသားပေးသည့် အစီအစဥ်သည် အရေးပေါ်အခြေအနေများအတွင်း ယာယီဝင်ငွေကို ထောက်ပံ့ပေးလျှက်ရှိရာ ထိုအစီအစဥ်ဖြင့် ဆိုင်ကလုန်းမိုခါအလွန် ပြန်လည်ထူထောင်ရေးကာလအတွင်း အပျက်အစီးများကို ရှင်းလင်းနေသော စစ်တွေမြို့ IDP စခန်းများမှ လုပ်သားများအား တွေ့ရစဥ်။

UNDP ၏ လုပ်အားအတွက် ငွေသားပေးသည့် အစီအစဥ်သည် အရေးပေါ်အခြေအနေများအတွင်း ယာယီဝင်ငွေကို ထောက်ပံ့ပေးလျှက်ရှိရာ ထိုအစီအစဥ်ဖြင့် ဆိုင်ကလုန်းမိုခါအလွန် ပြန်လည်ထူထောင်ရေးကာလအတွင်း အပျက်အစီးများကို ရှင်းလင်းနေသော စစ်တွေမြို့ IDP စခန်းများမှ လုပ်သားများအား တွေ့ရစဥ်။

UNDP/Ben Small

ရပ်ရွာလူထုအခြေပြု ကြံ့ကြံ့ခံနိုင်ရည် တည်ဆောက်ရေး ပရောဂျက်သည်  ပြည်နယ်နှင့်တိုင်းဒေသကြီး ရှစ်ခုရှိ မြို့နယ် ၂၉ မြို့နယ်တွင် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ခြင်း၊ ရပ်ရွာအခြေခံ အဆောက်အအုံများ ပြန်လည်တည်ဆောက်ခြင်းနှင့် လူမှုအသိုင်းအ၀ိုင်းအတွင်း စည်းလုံးညီညွတ်မှု တည်ဆောက်ခြင်းတို့ဖြင့် လူဦးရေ ၇၅၀,၀၀၀ ကျော်ကို ရောက်ရှိကူညီနိုင်ခဲ့သည်။ 

ညောင်ဦးမြို့နယ်၊ ညောင်ပင်သာကျေးရွာရှိ ဝင်ငွေနည်းအိမ်ထောင်စုများမှ အမျိုးသမီးများသည် အစုလိုက်၀က်မွေးမြူရေးကို အတူတကွ လုပ်ဆောင်လျှက်ရှိသည်။ ထိုသို့သော အစပျိုးမှုများသည် ရာ၊ထောင်ချီသော မိသားစုများအား ပုံမှန်၀င်ငွေလမ်းကြောင်းတစ်ခုဖြင့် အကျပ်အတည်းကာလအတွင်း ဖြတ်ကျော်နိုင်ရန် ကူညီပေးပါသည်။

ညောင်ဦးမြို့နယ်၊ ညောင်ပင်သာကျေးရွာရှိ ဝင်ငွေနည်းအိမ်ထောင်စုများမှ အမျိုးသမီးများသည် အစုလိုက်၀က်မွေးမြူရေးကို အတူတကွ လုပ်ဆောင်လျှက်ရှိသည်။ ထိုသို့သော အစပျိုးမှုများသည် ရာ၊ထောင်ချီသော မိသားစုများအား ပုံမှန်၀င်ငွေလမ်းကြောင်းတစ်ခုဖြင့် အကျပ်အတည်းကာလအတွင်း ဖြတ်ကျော်နိုင်ရန် ကူညီပေးပါသည်။

UNDP/Su Sandi Htein Win

တနင်္သာရီတိုင်းဒေသကြီးတွင် ဒီရေတောနှင့် လိုက်လျောညီထွေရှိသော စီးပွားရေးလုပ်ငန်းများဖြစ်ကြသည့် ဒီရေတော ဂုံးနှင့် ပျားမွေးမြူခြင်းတို့အတွက် ရင်းနှီးမြှုပ်နှံမှုများနှင့် နည်းပညာပံ့ပိုးမှုများ ကူညီပေးခဲ့ခြင်းသည် ဒီရေတောများ ထိန်းသိမ်းစောင့်ရှောက်ရင်း အခြားတစ်ဖက်တွင်လည်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို အထောက်အကူဖြစ်စေရုံသာမကဘဲ အရေးပါသော သဘာဝအကာအကွယ် ဒီရေတောများအပေါ်  ဒေသခံတို့၏ တန်ဖိုးထား ထိန်းသိမ်းလိုစိတ်ကို မြှင့်တင်ပေးရာလည်း ရောက်ပါသည်။ 

အကျပ်အတည်းများကြား ခံနိုင်ရည်ရှိရေးအလို့ငှာ UNDP  ၏မတည်ပံ့ပိုးမှုဖြင့် ဦးထွန်းကျော်အောင်သည် တနင်္သာရီတိုင်းဒေသကြီးရှိ ၎င်း၏ကျေးရွာအနီး ဒီရေတောတွင် မွေးမြူထားသော ဂုံးများကို ပြသနေစဥ်။

အကျပ်အတည်းများကြား ခံနိုင်ရည်ရှိရှိ ရပ်တည်နိုင်ရေးအလို့ငှာ UNDP မှ မတည်ပံ့ပိုးမှုဖြင့် ဦးထွန်းကျော်အောင်သည် တနင်္သာရီတိုင်းဒေသကြီးရှိ ၎င်း၏ကျေးရွာအနီး ဒီရေတောတွင် မွေးမြူထားသော ဂုံးများကို ပြသနေစဥ်။

UNDP/Su Sandi Htein Win

အခြေခံအဆောက်အဦများ ပြန်လည်တည်ဆောက်ခြင်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ပေးခြင်းနှင့်အတူ UNDP သည် အရပ်ဘက်လူမှုအဖွဲ့အစည်း ၁၀၀ နီးပါးကို လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ ကျားမတန်းတူညီမျှရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အပါအဝင် အရေးကြီးသော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် လေ့ကျင့်သင်ကြားပေးကာ အသိပညာပေးနိုင်ခဲ့သည်။

ထိုသို့ အသိပညာပေးနိုင်မှုသည် ပိုမိုကောင်းမွန်သော ခေါင်းဆောင်မှုအား ပံ့ပိုးပေးသည့်အပြင် ဒေသဆိုင်ရာ သက်ဆိုင်သူများကို လုပ်ပိုင်ခွင့်ပေးခြင်း၊ လုပ်သားခံစားခွင့်များကို အကာအကွယ်ပေးခြင်းနှင့်  ဒေသန္တရအဆင့်တွင် တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုကို အာမခံမှု ရှိစေပါသည်။ ဤထောက်ပံ့မှုသည် လူနည်းစုတိုင်းရင်းသားလူမျိုးစုများမှ လူ ၉၀,၀၀၀ ကို အိမ်ယာ၊ မြေယာနှင့် ပိုင်ဆိုင်မှုဆိုင်ရာ ဥပဒေဆိုင်ရာ အကူအညီများ ပေးအပ်ခဲ့သည်။

E-Learning Portal - ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှုများသည် လိုအပ်နေသူများအတွက် သတင်းအချက်အလက်နှင့် ပညာသင်ကြားမှုကို ပိုမိုထိရောက်မှုရှိစေရန် ကူညီပေးသည်။

E-Learning Portal - ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှုများသည် လိုအပ်နေသူများအတွက် သတင်းအချက်အလက်နှင့် ပညာသင်ကြားမှုကို ပိုမိုထိရောက်မှုရှိစေရန် ကူညီပေးသည်။

ကျွန်ုပ်တို့၏ ကူညီပံ့ပိုးမှုများတွင် လိုအပ်နေသူများအတွက် စွမ်းဆောင်ရည်တည်ဆောက်မှုကို အာရုံစိုက်လုပ်ဆောင်သည်။ ဤပံ့ပိုးကူညီမှုသည် လူမှုအသိုင်းအဝိုင်းများသာမကဘဲ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍများအထိသို့ ရောက်ရှိစေပါသည်။ ရေရှည်တည်တံ့ခိုင်မြဲသော မြန်မာစီးပွားရေးကွန်ရက် (MSBN) သည် မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေး စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန်နှင့် တာဝန်ယူမှုရှိသော စီးပွားရေးအလေ့အကျင့်များ တိုးတက်ကောင်းမွန်လာစေရန်အတွက် လုပ်ငန်းပေါင်း ၇၇၀ ကို စုစည်းထားကာ ရေရှည်တည်တံ့သော စီးပွားရေးရပ်ဝန်းကို တည်ဆောက်နိုင်ခဲ့သည်။

UNDP ၏ ရည်မှန်းချက်သည် ခိုင်မာသောအခြေခံအုတ်မြစ်များနှင့် မိတ်ဖက်များ တည်ဆောက်၍ ၂၀၂၅ နှစ်ကုန်တွင် မြို့နယ် ၇၇ မြို့နယ်ရှိ လူပေါင်း ရှစ်သန်းဆီသို့ ရောက်ရှိကူညီရန်ဖြစ်သည်။ ထိုရည်မှန်းချက်သည် လာမည့်နှစ်များတွင် ပိုမိုကြီးထွားလာမည့် အကျပ်အတည်း ခရီးရှည်အတွက် ဖြတ်ကျော်ရမည့် နောက်ထပ်ခြေလှမ်းတစ်ခုပင်ဖြစ်သည်။ သို့သော် UNDP သည် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် စိန်ခေါ်မှုများကို ရင်ဆိုင်ရန် ကတိကဝတ်ပြုပြီး ကောင်းစွာပြင်ဆင်ထားပါသည်။

အလွန်မလုံခြုံမှုရှိသော ဤအခြေအနေတွင် ကျွန်ုပ်တို့သည် လုပ်ငန်းများကို ထိရောက်စွာ လုပ်ဆောင်နိုင်ပြီး မြင့်မားသောယုံကြည်မှုအဆင့်ဖြင့် ပံ့ပိုးပေးထားနိုင်ခြင်းသည် ကျွန်ုပ်တို့၏ ကျွမ်းကျင်နိုင်ငံ့ဝန်ထမ်းများ မြေပြင်လုပ်ငန်းများတွင် အစဥ်မပြတ်ရှိနေခြင်း၊ လူမှုအသိုင်းအဝိုင်းများအတွင်း တက်ကြွစွာ ပါဝင်ဆောင်ရွက်ခြင်းနှင့် သက်ဆိုင်သူများနှင့်လည်း ဘက်မလိုက်သောပုံစံဖြင့် ဆက်ဆံပြောဆိုခြင်းများကြောင့် ဖြစ်ပါသည်။

UNDP နှင့် WaterAid ပူးပေါင်း၍ ဝင်ငွေနည်းသောဒေသများရှိ ပြည်သူများအား ရေဖြန့်ဝေပေးရန်အတွက် အသေးစားရေဖြန့်ဖြူးရေးရုံများ ဖန်တီးကာ လိုအပ်နေသူများကို ပံ့ပိုးပေးလျက်ရှိသည်။

UNDP နှင့် WaterAid ပူးပေါင်း၍ ဝင်ငွေနည်းသောဒေသများရှိ ပြည်သူများအား ရေဖြန့်ဝေပေးရန်အတွက် အသေးစားရေဖြန့်ဖြူးရေးရုံများ ဖန်တီးကာ လိုအပ်နေသူများကို ပံ့ပိုးပေးလျက်ရှိသည်။

UNDP/Ben Small