မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဦးစီးကျင်းပသည့် ၇၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်၏ ခေတ္တဌာနေကိုယ်စားလှယ် ဖြစ်သူ Ms. Dawn Del Rio မှပြောကြားသည့် အမှာစကား

2020- December 10

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဦးစီးကျင်းပသည့် ၇၂ ကြိမ်မြောက် 
အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်၏ 
ခေတ္တဌာနေကိုယ်စားလှယ် ဖြစ်သူ Ms. Dawn Del Rio မှပြောကြားသည့် အမှာစကား
(၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၀ ရက်)


လေးစားအပ်ပါသော မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဌ ဦးလှမြှင့်၊ ကော်မရှင်နာများ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ ပြည်သူ့လွှတ်တော် လူ့အခွင့်အရေးကော်မတီ ဥက္ကဌ ဦးစော နှင့် ညီမျှခြင်းမြန်မာ မှ အမှုဆောင် ဒါရိုက်တာဖြစ်သူ  ဦးအောင်မျိုးမင်း၊ အရပ်ဖက်လူ့အဖွဲ့အစည်းနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ မိတ်ဆွေများ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ နှင့် လေးစားရပါသော မိတ်ဆွေများရှင့် -ပျော်ရွှင်စရာ အပြည် ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်ပါစေရှင် ။ ကျွန်မအနေဖြင့် ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်ကိုယ်စား ဖိတ်ကြား ခံရပြီး ယခုလို အမှာစကားပြောကြားခွင့်ရပြီး မိတ်ဆွေတို့ကို  မျှဝေခွင့် ရသည့်အတွက် အထူးဂုဏ် ယူဝမ်းမြောက် ကြောင်းပြောကြားလိုပါတယ်။

၂၀၂၀ က ကျွန်မတို့ အားလုံးအတွက် အလွန်ပင်ခက်ခဲသောနှစ်ဖြစ်ပါတယ်။ လူများက မသေချာခြင်း၊ စိုးရိမ်ပူ ပန်ခြင်း နဲ့ ဝမ်းနည်းပူဆွေးခြင်း၊ နှောင့်ယှက်ခြင်း၊ ဆုံးရှုံးခြင်းများနဲ့ ကြုံတွေ့နေရတဲ့ အချိန်ကာလ တစ်ခု လည်းဖြစ်ပါတယ်။ ကိုဗစ်၁၉ ကပ်ရောဂါက  မိမိတို့အားလုံးအပေါ်ဘယ်လောက် ထိခိုက်တယ် ၊ အရာရာကို လျှင်မြန်စွာပြောင်းလဲလိုက်နိုင်တာကိုမီးမောင်းထိုးပြလိုက်သလိုဘဲ ဖြစ်ပါတယ်။ ဒါ့အပြင် အရင်ကခက်ခဲနေတဲ့ အနေအထားနှင့် ရင်ဆိုင်နေရတဲ့ ဝေးလံပြီး ပဋိပက္ခဒဏ်ခံစားရသော လူမူအသိုင်းအဝိုင်းများ၊ ဆင်း ရဲသားပြည်သူ များ နဲ့ အလုပ်လက်မဲ့ပြည်သူများစသော ထိခိုက်လွယ်သောလူအုပ်စုများ နဲ့ လူတစ်ဦးတစ်ယောက်ခြင်းဆီ အနေနဲ့ ပိုပြီး ဆိုးရွားစွာ သက်ရောက်စေနိုင်ပါတယ်။

ကျွန်မရဲ့အမှာစကားကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ ကိုဗစ်၁၉ ကပ်ရောဂါကိုရင်ဆိုင်နေကြရသူများ၊ မိသားစုများ ၊  လူမှုအသိုင်းအဝိုင်းများ နဲ့ ကျန်းမာရေးဝန်ထမ်းများ၊ လူမူအဖွဲ့အစည်းများ၊ ဘာသာရေးနဲ့ လူမှုအသိုင်းအဝိုင်းမှ ခေါင်းဆောင်များ နဲ့ အစိုးရတာဝန်ရှိသူများ စသည်ဖြင့် မိမိတို့ရဲ့ လုပ်ငန်းတာဝန်တွေကို စိန်ခေါ်မှုအခက်အခဲများကြားမှ မမောနိုင် မပန်းနိုင် ကူညီပံ့ပိုးပေးခဲ့ကြသော လူများအားလုံးတို့အတွက်  ရည်ညွှန်း ပြောကြားလိုပါတယ်။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းကိုပြဌာန်းနိုင်ခဲ့တဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ် ကျင်းပကြခြင်း ဖြစ်ပါတယ်။ ယနေ့အချိန်အခါမှာတော့ လူ့အခွင့်အရေးကြေညာစာတမ်းရဲ့ သက်တမ်းက ၇၂ နှစ် ရှိပြီဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကမ္ဘာနှင့်အဝှမ်းဖြစ်ပွားနေတဲ့ ကပ်ရောဂါကာလအတွင်းမှာ လူ့အခွင့်အရေးကြေညာစာတမ်းရဲ့ အရေးပါပုံကို  အရင်ကထက်ပိုမိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ကြေညာစာတမ်းက ပေးသော သတင်းစကားကလည်း မှန်ကန်နေပြီး ကျွန်မတို့အားလုံးက အချင်းချင်း တစ်ယောက်ကို တစ်ယောက် အမှီတဟဲပြုပြီး ချိတ်ဆက်နေကြတာကို ကိုဗစ် ၁၉ က သက်သေပြနေပါတယ်။  ထို့အပြင် မြန်မာနိုင်ငံရှိလူများက သူတို့ရဲံ ရက်ရောခြင်း နှင့် နာလည်မှုရှိခြင်း တို့ကြောင့် ကျော်ကြားသော လူများဖြစ်ပါတယ်။

လူသားအားလုံးက လွတ်လပ်သော လူများအဖြစ်မွေးဖွားလာသူများဖြစ်ပြီး ဂုဏ်သိက္ခာနှင့် အခွင့်အရေးများတွင် ညီမျှစွာရပိုင်ခွင့်ရှိသည်ဟု ကြေညာစာတမ်း အပိုဒ် (၁) တွင်ဖော်ပြထားပါတယ်။

လူသားအားလုံးသည် မည်သည့် အခွင့်အရေးများ နှင့် လွတ်လပ်ခြင်းတို့ကို ခြားနားကွဲပြားခြင်းမရှိဘဲ ရနိုင်ခွင့်ရှိစေရမည်ဟု ကြေညာစာတမ်း အပိုဒ်(၂) တွင်ဖော်ပြထားပါတယ်။

ဂုဏ်သိက္ခာ၊ သာတူညီမျှမှုနှင့် ခွဲခြားမှုမရှိခြင်းတို့က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းရဲ့ အနှစ်သာရ (နှလုံးသား)ဘဲ ဖြစ်ပါတယ်။ အပြန်အလှန်အနေဖြင့် အဆိုပါမူများဟာ ကြံ့ခိုင်၊ ကြွယ်ဝ ပြီး မတူကွဲပြားတဲ့  စည်းလုံးမှုရှိတဲ့ လူမူအသိုင်းအဝိုင်းနဲ့ လူ့အဖွဲ့အစည်းတွေဖြစ်လာဖို့အတွက် လိုအပ်တဲ့ အခြေခံအချက်များ ဖြစ်ပါတယ်။ အဆိုပါမူများဟာ ယနေ့ကဲ့သို့ ကျွန်မတို့အားလုံးဘေးအန္တရာယ်နှင့် ရင်ဆိုင်ရတဲ့အချိန်မှာ မှတ်ကျောက်တင်စေမဲ့ အရာများဖြစ်ပါတယ်။

ဒီနေ့မှာအမှာစကားပြောကြားဖို့ ဖိတ်ကြားတဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို ကျွန်မ အနေဖြင့် အထူးပင်ကျေးဇူးတင်ရှိပါတယ်။ လူ့အခွင့်အရေးကြေညာစာတမ်း  မြန်မာနိုင်ငံမှာ အဓိန့်ရှည်ပြီး အသက်ဝင်နေစေဖို့ ကော်မရှင်ရဲ့ အခန်းကဏ္ဍက အင်မတန်  အရေးကြီးပါတယ်။ ကော်မရှင်ဥပဒေမှာ ပြဌာန်းထားသလိုဘဲ  မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်က လူ့အခွင့်အရေးကို လေးစား၊မြှင့်တင်၊ ကာကွယ် စောင့်ရှောက်၊ဖြည့်ဆည်းပြီး အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကို အသိအမှတ်ပြုတဲ့ မြန်မာ့လူ့အဖွဲ့အစည်းပေါ်ပေါက်လာစေဖို့အတွက်ကို  ရည်မှန်းထားတာဖြစ်ပါတယ်။[1]

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်အနေနဲ့ ကော်မရှင်ရဲ့  မျှော်မှန်းချက် ပြည့်မှီစေဖို့  ကော်မရှင်ဦးဆောင်သူများနှင့် ဝန်ထမ်းများကို  ပံ့ပိုးကူညီခွင့်ရတဲ့ အတွက် အလွန်ပင် ဂုဏ်ယူမိပါတယ်။ ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ရဲ့ စွမ်းဆောင်ရည်ကို အကဲဖြတ်ခြင်း၊ မဟာဗျူဟာရေးဆွဲခြင်း နဲ့ ကိုဗစ်ကာလအတွင်း ကော်မရှင် လုပ်ငန်းတာဝန်များကို စဉ်ဆက်မပြတ်လည်ပတ်နေစေဖို့နဲ့  ကော်မရှင်ကို အများပြည်သူတို့မှ လက်လှမ်းမှီစေရေး ကိစ္စတို့မှာ လွန်ခဲ့သောနှစ်များအတွင်း ကော်မရှင်နဲ့ လက်တွဲပြီး ဆောင်ရွက်ခဲ့ကြပါတယ်။ ကျွန်မတို့ရဲ့ မိတ်ဖက်များရဲ့ ကူညီပံ့ပိုးမှုမရှိရင် ဒီလိုဆောင်ရွက်မှုတွေကို ကျွန်မတို့အနေနဲ့ လုပ်ဆောင် နိုင်မှာ မဟုတ်ပါဘူး။ အထူးသဖြင့် လူ့အခွင့်အရေးများအဖွဲ့ဆိုင်ရာ အာရှပစိဖိတ်ဖိုရမ် (Asia Pacific Forum of National Human Rights Institutions) နဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး(UN’s Human Rights Organizations) နှင့် နော်ဝေနိုင်ငံအစိုးရ တို့ရဲ့ အားကောင်းတဲ့ ကူညီပံ့ပိုးမှုတွေကြောင့် ကျွန်မတို့ ဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်။

ယခုနှစ်အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ဆောင်ပုဒ်မှာ “Recover Better- Stand Up for Human Rights” ဖြစ်ပါတယ်။ ဒီဆောင်ပုဒ်က အင်မတန်အရေးကြီးတဲ့ဆောင်ပုဒ်ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ဟာ ပဋိပက္ခကာလမတိုင်မှီက မိမိတို့ကိုယ်ကို ပဋိပက္ခကာလအတွင်းမှာ ရှာဖွေရမှာဖြစ်ပါတယ်။ အဲ့တာကြောင့် ကျွန်မအနေနဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး နေ့စဉ်ရပ်တည်ဆောင်ရွက်ပေးကြတဲ့ နိုင်ငံတစ်ဝှမ်းလုံးက လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများ၊ တက်ကြွလှုပ်ရှားသူများ၊ ဂျာနယ်လစ်များ နဲ့  လူမူအသိုင်း အဝိုင်းနှင့် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအားလုံးကို အသိအမှတ်ပြုလိုပါတယ်။

ကုလသမဂ္ဂရဲ့ အထွေထွေအတွင်းရေးမှုးချုပ် ပြောခဲ့တာက လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု လုပ်ဆောင်ရာမှာ လူမှုအဖွဲ့အစည်းများက ကျွန်တော်တို့ရဲ့ မဟာမိတ်တွေဖြစ်တဲ့အပြင် ငြိမ်းချမ်ရေးကို ခိုင်မာအောင်လုပ်ဆောင်တဲ့နေရာမှာ လည်း လူမှုအဖွဲ့အစည်းများက မရှိမဖြစ်တဲ့ မိတ်ဖက်များဖြစ်တယ်လို့ ပြောခဲ့ပါတယ်။[2] လူမူအဖွဲ့အစည်းများက မြန်မာနိုင်ငံ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် အတွက်လည်း  အရေးကြီးတဲ့ မိတ်ဖက်များဖြစ်ပါတယ်။ ကျွဒီနေ့ရရှိတဲ့အခွင့်အရေးကို ရယူပြီး ကျွန်မအနေနဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးများ အမှန်တကယ်ရရှိအောင် နေ့ရက်တိုင်း စွမ်းစွမ်းတမံ ကြိုးစား ဆောင်ရွက် ပေးနေကြတဲ့ လူမူအဖွဲ့အစည်းများကို အသိအမှတ်ပြုပြီး ဂုဏ်ပြုလိုပါတယ်။

ကျွန်မအနေနဲ့ နောက်ဆုံးပြောကြားလိုတာကတော့ မိတ်ဆွေနဲ့  မိတ်ဆွေရဲံ မိသားစုဝင်များ အေးချမ်း ဘေးကင်းစွာနဲ့  ၂၀၂၀ ကို ကုန်ဆုံးနိုင်ဖို ဆုတောင်းမေတ္တာပို့သလိုပါတယ်။ လာမဲ့ ၂၀၂၁ ခုနှစ်မှာလည်း  ပိုပြီး ကောင်းမွန်တဲ့ အခြေအနေတွေနဲ့ ကြုံတွေ့ရ ပြီး ဘေးကင်းပါစေကြောင်းနဲ့ “မည်သူ့ကိုမျှချန် လှပ်မထား ရေးလုပ်ဆောင်မှု” မှာလည်း ဆက်လက် ပါဝင်အားဖြည့်ကြပါစေလို့ ကျွန်မအနေနဲ့ တိုက်တွန်းပြီး ကျွန်မတို့ အားလုံး ကတိကဝတ် ပြုထားတဲ့ ၂၀၃၀ အစီအစဥ်မှာလည်း ဆက်လက်လုပ်ဆောင်နိုင်ပါစေကြောင်းနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်တဲ့ ရည်မှန်းချက်ပန်းတိုင်များ ရရှိစေနိုင်ပါကြောင်း ဆန္ဒပြု ဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင်။

အခုလိုပြောကြားဖို့ အခွင့်အရေးပေးတဲ့အတွက် အထူးပင်ကျေးဇူးတင်ပါတယ်ရှင်။


[1] ပုဒ်မ ၃ (ခ) ၊ ၂၀၁၄ ခုနှစ်  မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဉပဒေ  

[2] ‘United Nations Chief Antonio Guterres on the crucial voice of Civil Society in #ShapingOurFuture!’, 26 June 2020, https://www.facebook.com/watch/?v=265733694877374.