စီမံချက်ဆိုင်ရာ စောင့်ကြည့်လေ့လာရေးနှင့် အကဲဖြတ်သုံးသပ်မှု မူဘောင် - “မြန်မာပြည်အပူပိုင်းဒေသရှိ ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာဖူလုံရေးအပေါ် ရာသီဥတုပြောင်းလဲမှု၏ ဘေးအန္တရာယ်အလားအလာများအား ဖြေရှင်းဆောင်ရွက်ခြင်း”

English

pdf (1MB)

Download

စီမံချက်ဆိုင်ရာ စောင့်ကြည့်လေ့လာရေးနှင့် အကဲဖြတ်သုံးသပ်မှု မူဘောင် - “မြန်မာပြည်အပူပိုင်းဒေသရှိ ရေအရင်းအမြစ်နှင့် စားနပ်ရိက္ခာဖူလုံရေးအပေါ် ရာသီဥတုပြောင်းလဲမှု၏ ဘေးအန္တရာယ်အလားအလာများအား ဖြေရှင်းဆောင်ရွက်ခြင်း”

2016- March 31

စောင့်ကြည့်လေ့လာရေးနှင့် အကဲဖြတ်သုံးသပ်ရေးမူဘောင်က ရည်စူးရလဒ်များ ရရှိကြောင်း နှင့် စီမံချက်အဆုံးသတ်တွင် မှတ်တမ်းမှတ်ရာပြုစုထားကြောင်း သေချာစေမည်ဖြစ်သည်။ ရလဒ်များမှာ စီမံချက်၏ ရည်မှန်းချက်များ ၊ အကျိုးဖြစ်ထွန်းမှုများနှင့်သာမက ဒီဇိုင်းရေးဆွဲသည့်ကာလအတွင်း ကြိုတင်ပြင်ဆင်ရေးဆွဲထားသော ရလဒ်နှင့် ရင်းမြစ်ပြဇယား နှင့်အညီဖြစ်ကြောင်း ကျိန်းသေစေရန်ဖြစ်သည်။ စီစဉ်ထားသောကြားဝင်ဆောင်ရွက်မှုအချို့၏ အရေအတွက်အားဖြင့် အကျိုးသက်ရောက်မှုများအား ဖမ်းဆုပ်ပြသထားသည့် အကောက်အထည်ဖော်ရေးအစီအစဉ် တခု ဤမူဘောင်တွင် ပါဝင်သည်။

စီမံချက်မှ စီစဉ်ထားသော ကြားဝင်ဆောင်ရွက်မှု၏ အရေအတွက်အားဖြင့် အကျိုးသက်ရောက်မှုကို ဖမ်းဆုပ်ပြသနိုင်ရန် လက်တွေ့စမ်းသပ်မှု (သို့မဟုတ် တစိတ်တပိုင်း လက်တွေ့စမ်းသပ်မှု) စစ်တမ်းဒီဇိုင်းကို ပင်မမူဘောင်ကြီး၏ အစိတ်အပိုင်း အခက်အလက်တခုအနေဖြင့် ရေးဆွဲထားပြီး (သိသာထင်ရှားစီမံချက်အစိတ်အပိုင်းများနှင့် အကျိုးဖြစ်ထွန်းမှုနယ်ပယ် ၃ ရပ်အဖြစ်ပိုင်းခြားထားသည့်) စီမံချက်ရလဒ်များ မူဘောင်အရ အချက်အလက်ကောက်ယူခြင်းနှင့်နမူနာပြုစုခြင်းဆိုင်ရာ နည်းနိဿယအတွက် အလုံးစုံအကောင်အထည်ဖော်ရေးအစီအမံ ပါဝင်သည်။

Regions and Countries