အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် မြန်မာနှင့် ကိုရီးယား နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်

2018- May 30

မြန်မာနိုင်ငံ အဂတိလိုက်စားမှုတ ိုက်ဖျက်ရေးကော်မရှင် (ACC) ၏ ဥက္ကဌ ဦးအောင်ကြည်နှင့် ကိုရီးယားသမ္မတနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် နိုင်ငံသား အခွင့်အရေးကော်မရှင် (ACRC) ၏ ဥက္ကဌ Ms. Un jong Pak တို့သည် ကိုရီးယားသမ္မတနိုင်ငံ Sejong မြို့တွင် နားလည်မှုစာချွန်လွှာ တစ်ရပ်အား လက်မှတ်ရေးထိုးခဲ့ကြပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (ACC) နှင့် ကိုရီးယားသမ္မတနိုင်ငံမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(ACRC) တို့သည် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်နှင့် အဂတိလိုက်စားမှု ကြိုတင်ကာကွယ်ရေးနှင့် ဖျက်သိမ်းရေးဆိုင်ရာ ဗဟုသုတနှင့် ကျွမ်းကျင်မှုများအား မျှဝေရန် ၎င်းတို့၏ အပြန်အလှန် အကျိုးစီးပွားအား အတည်ပြုပြောကြားခဲ့ကြပါသည်။

နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (ACC) ၏ ဥက္ကဌ ဦးအောင်ကြည်နှင့် ကိုရီးယားသမ္မတနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် နိုင်ငံသားအခွင့်အရေး ကော်မရှင် (ACRC) ၏ ဥက္ကဌ Ms. Un jong Pak သည် လက်မှတ်ရေးထိုးခဲ့ကြပါသည်။

အခမ်းအနားသို့ အဓိကတက်ရောက်သူများသည် UNDP ၏ ဆိုးလ်မူဝါဒစင်တာ(USPC) မှဒါရိုက်တာ Mr. Balazs Horvath၊ UNDP မြန်မာနိုင်ငံ၏နည်းပညာပိုင်းဆိုင်ရာအကြံပေးပုဂ္ဂိုလ် Mr. Christophoros၊ ပါလီမန်အမတ်များ၊ နေပြည်တော်ထွန်းနှင့် ဦးအောင်သိန်းတို့ဖြစ်ကြပါသည်။

“မြန်မာအစိုးရအနေဖြင့် ကျွန်ုပ်တို့တိုင်းပြည်၏ အကောင်းဆုံးအခြေအနေရောက်ရှိရေးအား တားဆီးနေသည့် ဖွဲ့စည်းပုံဆိုင်ရာ အဂတိလိုက်စားမှုဆိုင်ရာပြဿနာများအား ကိုင်တွယ်ရန် ဆုံးဖြတ်ထားပါသည်။ (…) နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးရာတွင် ကျွန်ုပ်တို့၏ ကာကွယ်တားဆီးရေးစွမ်းရည် တိုးတက်စေရန် နည်းလမ်းများအား ACRC မှ သင်ယူနိုင်ရန် လမ်းစအား တွေ့မြင်နေရပါသည်” ဟု ACC၏ ဥက္ကဌ ဦး အောင်ကြည်ကပြောကြားပါသည်။

“ယနေ့ နားလည်မှုစာချွန်လွှာနဲ့ လေ့လာရေးခရီးစဉ်တွင် ကိုရီးယားနိုင်ငံရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အတွေ့အကြုံများအား မျှဝေပေးခြင်းဖြင့် မြန်မာနိုင်ငံမှာ ထိရောက်တဲ့ အဂတိလိုက်စားမှု ကာကွယ်ရေးကိရိယာ ဖွံ့ဖြိုးတိုးတက်ရေးအား အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။” ဟု ACRC၏ ဥက္ကဌ Ms. Pak ကပြောကြားခဲ့ပါသည်။

ACRC၏ နိုင်ငံတွင်း အဂတိလိုက်စားမှုအန္တရာယ်အကဲဖြတ်(CRA) ယန္တရားအား မြန်မာနိုင်ငံ အစိုးရအရာရှိများ အကျွမ်းတဝင်ရှိစေရန် နည်းပညာဆိုင်ရာ ဗဟုသုတများနှင့် မူဝါဒဆိုင်ရာ ထိုးထွင်းသိမြင်မှုများအား လေ့ကျင့်ပေးရန် ရည်ရွယ်ချက်ဖြင့် ACRC, USPC နှင့် UNDP Myanmar Country Office တို့ဖြင့်ပူးပေါင်း၍ လေးရက်ကြာလေ့လာရေးခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခြင်း အခမ်းအနားအား ကျင်းပခဲ့ခြင်းဖြစ်ပါသည်။

CRA သည် ၂ဝဝ၆ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးယန္တရား ဖြစ်ပြီး ဥပဒေများနှင့် စည်းမျဉ်းဥပဒေများတွင် အဂတိလိုက်စားမှုအန္တရာယ်များအား စနစ်တကျ ဖော်ထုတ်ခြင်းဖြင့် အများပြည်သူအုပ်ချုပ်မှုတွင် အကျင့်ပျက်ခြစားခြင်းအား ကာကွယ်နိုင်ရန် ရည်ရွယ်ပါသည်။

ဆုံးဖြတ်ချက်ချသူများ၊ ACCမှ နည်းပညာဆိုင်ရာ ၀န်ထမ်းများ၊ ပါလီမန်အမတ်များ နှင့် ဥပဒေပြုရေးနှင့်လုပ်ထုံးလုပ်နည်းများ ပြန်လည်သုံးသပ်ရေးတွင် ပါဝင်နေသည့်  ပြည်ထောင်စုရှေ့နေချုပ်ရုံး နှင့် ပြည်ထောင်စုစာရင်းစစ်ရုံးမှ တာဝန်ရှိသူများပါ၀င်သည့် ကိုယ်စားလှယ်အဖွဲ့အား ဖြစ်ရပ်မှန်လေ့လာမှုများ၊ သိရှိထားသည့်မူဝါဒသင်ခန်းစာများ နှင့် လက်တွေ့လေ့လာမှုများအား တင်ပြသွားမည်ဖြစ်ပါသည်။

ဤနားလည်မှုစာချွန်လွှာသည် UNDP ၏ ကမ္ဘာလုံးဆိုင်ရာကွန်ယက်မှတစ်ဆင့် အခြားနိုင်ငံများအား ကိုရီးယား၏ ဆန်းသစ်တီထွင်ထားသည့်၊ စမ်းသပ်ပြီး သက်သေပြထားသည့် မူဝါဒကိရိယာများအား ဝေမျှရန် USPC ၏ အစီအစဉ်ဆိုင်ရာ ချဉ်းကပ်မှုဖြစ်သည့် Development Solutions Partnership ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ယခုနှစ်အစောပိုင်းတွင် ကျင်းပခဲ့သည့် CRA ဆိုင်ရာ webinar မှ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။

USPC အား ၂၀၁၁ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး UNDPအား ကိုရီးယားတွင်ကိုယ်စားပြုခြင်း၊ ကိုရီးယားနိုင်ငံနှင့်ပူးပေါင်းကာ အပြည်ပြည်ဆိုင်ရာကိစ္စရပ်များတွင်လုပ်ကိုင်ခြင်းနှင့် ကိုရီးယားနိုင်ငံ၏ ဖွံ့ဖြိုးမှုအတွေ့အကြုံများအား အခြားနိုင်ငံများသို့ မျှဝေခြင်း စသည့်တာဝန်ရပ်များအား ပေးအပ်ထားခြင်းဖြစ်ပါသည်။