၂၀၁၉ ခုနှစ် မတ်လ ၈ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးသမားများနေ့ နှင့်ပတ်သတ်သော သတင်းထုတ်ပြန်ချက် အကြောင်းအရာ။ ခွင့်တူညီရေးစဉ်းစားလို့ ၊ စွမ်းရည်မြင့်ရေး အလေးပေးဖို့၊ ပြောင်းလဲမှုကို ဖန်တီးစို့။

2019- March 5

ကုလသမဂ္ဂဖွံဖြိုးရေးအစီအစဉ် အုပ်ချုပ်ရေးမှူး76

အမျိုးသမီးတွေနဲ့ မိန်းကလေးတွေဟာ အပြောင်းအလဲအတွက် သည်းမခံနိုင်လောက်အောင် အဆင်သင့် ဖြစ်နေကြပြီး ဘာကြောင့် ဒီလိုဖြစ်နေရသလဲဆိုတာဟာ နားလည်လွယ်ပါတယ်။

အလုပ်ချင်းတူတာတောင်မှ အမျိုးသားတွေက (၁)ဒေါ်လာအပြည့်ရနေတဲ့ အချိန်မှာ အမျိုးသမီးတွေဟာ (၇၇)ပြား ပဲရကြပါတယ်။

အခုခေတ်ကာလမှာ ရှင်သန်နေကြတဲ့ အမျိုးသမီးနဲ့ မိန်းကလေးအနည်းဆုံး သန်း(၂၀၀)လောက်ဟာ လိင်စိတ် လှုံ့ဆော်မှုဆိုင်ရာ အင်္ဂါကို ဖြတ်ထုတ်ခြင်း ခံထားရပါတယ်။

ပါလီမန်လွှတ်တော်အမတ်အားလုံးရဲ့ (၂၄) ရာခိုင်နှုန်းကပဲ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။

အမျိူးသမီးဦးရေရဲ့ (၃၅) ရာခိုင်နှုန်းဟာ ရုပ်ပိုင်းဆိုင်ရာအရ ဖြစ်စေ၊ လိင်ပိုင်းဆိုင်ရာအရ ဖြစ်စေ၊ (၂)ခုလုံးအရ ဖြစ်စေ အကြမ်းဖက်မှုကို ခံစားနေရပါတယ်။

ဒါကြောင့် ကျွန်တော်တို့ဆက်လျှောက်ရမယ့် ခရီးလမ်းဟာ အရှည်ကြီးရှိနေသေးတယ် ဆိုတာကို ပြတ်ပြတ် သားသား သိမြင်ဖို့လိုအပ်ပြီး ကျွန်တော်တို့ အလုပ်လုပ်ပုံနဲ့ စဉ်းစားပုံ နည်းလမ်းတွေကို ဆန်းသစ်ရတော့မှာ ဖြစ်ပါ တယ်။

အသွင်ကူးပြောင်းမှုဆိုင်ရာ ဆန်းသစ်တီထွင်မှုဟာ စရိတ်စကလည်း မကြီးသလို သွေးထွက်သံယို ဖြစ်စရာလည်း မလိုပါဘူး။ လူမှုဆိုင်ရာ အသိအမြင်တွေ၊ စံချိန်စံညွှန်းတွေနဲ့ ဘက်လိုက်မှုတွေကို အရွေ့တစ်ခုလုပ်ပေးနိုင်မယ့် ရိုးရှင်းတဲ့ နည်းပညာတွေနဲ့ ဒေသတွင်းတီထွင်ဆန်းသစ်မှုတွေဟာ အပြောင်းအလဲတွေကို ဆောင်ကြဉ်းပေးနိုင်ပါတယ်။ များပြားလှတဲ့ အမျိုးသမီးတွေကို မိုဘိုင်းဘဏ်စနစ်တွေက ငွေကြေးဆိုင်ရာ အမှီအခိုကင်းမှုတွေ လုပ်ဆောင်ပေးနေတာတွေကို လေ့လာကြည့်ပါ။

ဒါပေမယ့် ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ နယ်ပယ်မှာလည်း ကျားမရေးရာ မညီမျှမှုတွေဟာ ဆက်လက်တည်ရှိ နေပြီး သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သင်္ချာနဲ့ ဒီဇိုင်းပညာရပ်တွေမှာ ကိုယ်စားပြုပါဝင်နိုင်တဲ့ အမျိုးသမီးဦးရေ နည်းပါးနေတာကို တွေ့မြင်နေရပါတယ်။

အဆိုပါ ဆန်းသစ်တီထွင်မှုတွေရဲ့ ဒီဇိုင်းနဲ့ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုတွေ အပေါ်မှာ အမျိုးသမီးတွေရဲ့ အတွေးအမြင်တွေ၊ အကြံဉာဏ်တွေ၊ အတွေ့အကြုံတွေ လွှမ်းမိုးနိုင်ဖို့လိုအပ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီလိုလုပ်တဲ့အခါကျမှ အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်တဲ့အပြင် အမှန်တကယ် ဘယ်သူ့ကိုမှ မချန်ထားတဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။

အမျိုးသမီးတွေကို ကျွန်တော်တို့ရဲ့ စကားဝိုင်းတွေကနေ ဖယ်ရှားလိုက်တဲ့အခါ ကျွန်တော်တို့ရဲ့ အနာဂတ်ကို ပုံသွင်းဖော်ဆောင်နေတဲ့ ဆန်းသစ်တီထွင်မှုတွေကို လုပ်ဆောင်မှုတွေကနေ အမျိုးသမီးတွေကို ဖယ်ကျဉ်လိုက် တာပဲ ဖြစ်ပါတယ်။

ကုလသမဂ္ဂဟာ အဆိုပါအခင်းအကျင်းကို လုပ်ဆောင်တဲ့အခါမှာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်နေပြီး ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်မှာ ဒီတာဝန်ကို ကူညီလုပ်ဆောင်ဖို့ ရှေ့ဆောင်လုပ်ငန်းတွေ အများကြီး ရှိနေပါတယ်။.

ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်ရဲ့ ဆန်းသစ်တီထွင်မှုဆိုင်ရာ အခင်းအကျင်းဟာ နိုင်ငံနယ်နမိတ်ပေါင်း (၈၇)ခုမှာ အဓိကကျတဲ့ စမ်းသပ်လုပ်ဆောင်မှု အခု (၁၄၀)ကို ဆောင်ရွက်လျက်ရှိပါတယ်။ အခုတလောတင်ပဲ ကျွန်တော်တို့ဟာ နိုင်ငံပေါင်း (၆၀)မှာ အရှိန်မြှင့်တင်ရေးစမ်းသပ်နယ်မြေတွေ ကွန်ရက်တွေအလိုက်ထား ရှိထားပါတယ်။ အကြောင်းရင်းကတော့ မိတ်ဖက်အသစ်တွေကိုရှာဖွေဖို့၊ အသစ်အသစ်သော အတွေးအခေါ်တွေ ကို ရှာဖွေဖို့၊ အပြောင်းအလဲတွေကို အားကျအတုယူဖို့နဲ့ အမျိုးသမီးတွေကိုရော အမျိုးသားတွေကိုပါ အကျိုးဖြစ်ထွန်းစေမယ့် အခွင့်အလမ်းသစ်တွေကို ဖန်တီးဖို့ပဲ ဖြစ်ပါတယ်။

၂၀၁၉ခုနှစ် နိုင်ငံတကာအမျိုးသမီးများနေ့ကို ကျင်းပတဲ့အခါ ကျွန်တော်တို့အနေနဲ့ စက်ရုံအလုပ်ရုံပိုင်းဆိုင်ရာ ခေါင်းဆောင်တွေ၊ အခင်းအကျင်းကို အပြောင်းအလဲလုပ်မယ့် ခြေလှမ်းသစ်လှမ်းသူတွေ၊ လူမှုစွန့်ဦးတီထွင်သူ တွေနဲ့ တက်ကြွလှုပ်ရှားသူတွေကို အတူတကွ လုပ်ဆောင်ကြဖို့ သူတို့ရဲ့ ဆန်းသစ်တီထွင်မှုတွေကို မျှဝေကြဖို့နဲ့ စစ်မှန်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာမှာပါ ဖြစ်နိုင်တဲ့ တိုးတက်ပြောင်းလဲမှုတွေကို အရှိန်မြှင့်တင်ဖို့အတွက် အမျိုးသမီးတွေအပေါ်မှာ ကန့်သတ်ထားတဲ့အရာတွေကို စုပေါင်းဖယ်ရှားကြဖို့ကို ပြောချင်ပါတယ်။

ကျားမတန်းတူညီမျှမှုကို အရှိန်မြှင့်လုပ်ဆောင်တဲ့ နေရာမှာ ဆန်းသစ်တီထွင်မှုတွေဟာ အရေးပါတယ်ဆိုတဲ့ အချက်ကို အသိအမှတ်ပြုရင်း ကျွန်တော့်အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကိုရော ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီ အစဉ်ကိုပါ အမျိုးသမီးနဲ့ မိန်းကလေးရဲ့ဘဝကို မြှင့်တင်ဖို့အတွက် နည်းပညာကို တိုးတက်အောင် လုပ်ဖို့ လိုအပ်ကြောင်း၊ အမျိုးသမီးတွေရဲ့ အသံကို နားထောင်ဖို့လိုအပ်ကြောင်း၊ အမျိုးသမီးတွေရဲ့ ပါဝင်ဆောင်ရွက်မှု လိုအပ်ကြောင်း၊ အမျိုးသမီးတွေရဲ့ ရွေးချယ်နိုင်မှုတွေကို ချဲ့ထွင်ရန် လိုအပ်ကြောင်းနဲ့ အမျိုးသမီးတွေဆီမှာ ရင်းနှီး မြှုပ်နှံဖို့ လိုအပ်ကြောင်း ပြောကြားလိုပါတယ်။