မြန်မာနှင့်ကုလသမဂ္ဂအကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်းအပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူမှထုတ်ပြန်ချက်

2018- June 6

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်သည် ကုလသမဂ္ဂ ၏ ဘင်္ဂလားဒေ့ရှ်မှ ပြန်ရောက်လာမည့် ရိုဟင်ဂျာ ဒုက္ခသည်များအတွက် ၎င်းတို့၏ ဆန္ဒသဘောထားနှင့်အညီ၊ အန္တရာယ်ကင်းစွာ၊ သိက္ခာရှိရှိ၊ စဉ်ဆက်မပြတ် ပြန်လာနိုင်ရန် နှင့် ရခိုင်ပြည်နယ်တွင် ပြန်လည်အခြေချနိုင်ရန် အခြေအနေကောင်းများ ဖြစ်ပေါ်လာစေရန် ပြုလုပ်ပေးမည့် စနစ် အပေါ် မြန်မာအစိုးရ၊ UNHCR နှင့် UNDP တို့ကြား ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအား လက်ခံကြိုဆိုပါသည်။ ရခိုင်ပြည်နယ်ရှိ ပဋိပက္ခများ၏ အကြောင်းရင်းကို ဖြေရှင်းရန် မြန်မာနိုင်ငံ အစိုးရ၏ ပထမ ခြေလှမ်းဖြစ်သည့် ဤ သဘောတူညီချက်အား လက်ခံကြိုဆိုပါသည်။

အထွေထွေအတွင်းရေးမှူးချုပ်သည် မြန်မာနိုင်ငံအား သဘောတူညီချက် အကောင်အထည်ဖော်ရန် ပြတ်သားသည့် ဆုံးဖြတ်ချက်များချမှတ်ရန် တိုက်တွန်းပါသည်။ အကြမ်းဖက်မှုများကိုရပ်တန့်ရန်၊ ကျူးလွန်သူများကိုအရေးယူရန်၊ ဒုက္ခသည်များအတွက်နစ်နာကြေးပေးရန်၊ ရခိုင်ပြည်နယ်ရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးရန်နှင့် ရခိုင်အကြံပေးကော်မရှင်၏ အကြံပြုချက်များကိုလည်း အကောင်အထည်ဖော်ရန် သူကထပ်လောင်းပြောကြားခဲ့ပါသည်။

Stéphane Dujarric, အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ