အသက်များကို ကယ်တင်ရန်နှင့် သက်မွေးမှု လုပ်ငန်းများကို ကာကွယ်ပေးရန် အမျိုးသမီး ခေါင်းဆောင်များ စုစည်း

“အားလုံးအတွက် နိုးထကြ - Rise for All” အစီအစဉ်မှ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြီး၏ လူသားအကျပ်အတည်းကို ဖြေရှင်းရန်နှင့် ကုလသမဂ္ဂ၏ တုံ့ပြန်ဆောင်ရွက်ရေးနှင့် ပြန်လည်ထူထောင်ရေး ရန်ပုံငွေကို အပြည့်အဝ ပံ့ပိုးပေးကြရန် ခေါင်းဆောင်များအား လုံးကို တိုက်တွန်း

2020- ဧပြီလ 27

နယူးယောက်၊ ၂၀၂၀ ဧပြီ ၂၇ ရက် - ကိုဗစ်-၁၉ ၏ လူမှုစီးပွားဆိုင်ရာ သက်ရောက်မှုများကို တုံ့ပြန် ဆောင်ရွက်ရန်အတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်မှ တစ်ကမ္ဘာလုံး စည်းလုံး ညီညွတ် စွာဖြင့် အဆောတလျင် ဆောင်ရွက်ကြရန် တိုက်တွန်းမှုကို ထောက်ခံပံ့ပိုးသောအားဖြင့် ယနေ့ထင်ရှား ကျော်ကြားသော အမျိုးသမီးများ အတူတကွစုဝေး၍ လူ့အသက်များကို ကယ်တင်ရေးနှင့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ မဆုံးရှုံးရအောင် ကာကွယ်ပေးရေး တိုက်တွန်းအားပေးသည့် ကမ္ဘာလုံး ဆိုင်ရာလှုပ်ရှားမှု ကြီးတစ်ခုကို ပြုလုပ်ခဲ့ကြပြီး နိုင်ငံများအားလုံး၊ ကဏ္ဍများအားလုံးမှ ခေါင်းဆောင်များအား ဤကမ္ဘာ့ကပ်ရောဂါကြီး၏ လူသားအကျပ်အတည်းကို ဝိုင်းဝန်းကိုင်တွယ် ဖြေရှင်းကြရန် တိုက်တွန်း လိုက်သည်။

ယနေ့ထုတ်ပြန်လိုက်သော ကိုဗစ်-၁၉ အတွက် လူမှုစီးပွား လက်ငင်း တုံ့ပြန်ဆောင်ရွက်မှုများ ဆိုင်ရာ ကုလသမဂ္ဂမူဘောင် - လိုအပ်နေသူများအတွက် မျှဝေတာဝန်ယူမှု၊ တစ်ကမ္ဘာလုံး စည်းလုံးညီညွတ်မှုနှင့် အဆောတလျင် ဆောင်ရွက်မှုတွင် ပါရှိသည့်အတိုင်း ဖွံ့ဖြိုးမှုဆိုင်ရာ အရေးပေါ် အခြေအနေကို ကိုင်တွယ် ဖြေရှင်းမည့် ကုလသမဂ္ဂ၏ လမ်းပြမြေပုံအတွက် ကူညီပံ့ပိုးမှုများကို ဆော်သြစည်းရုံးရယူရန် ရည်ရွယ်လျက် ကုလသမဂ္ဂ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် Amina Mohammed မှ ဦးဆောင်ကျင်းပခဲ့သည့် Rise for All (အားလုံးအတွက်နိုးထကြ) အစီအစဉ်တွင် အမျိုးသမီး ခေါင်းဆောင်များကို ဖိတ်ခေါ်၍ စုစည်းခဲ့ပါသည်။

“ကမ္ဘာ့သမိုင်းဖြစ်စဉ်တွင် မည်သည့်အခါ ကမျှနှင့်မတူဘဲ အမျိုးသမီးများသည် ကိုဗစ်-၁၉ ဟူသည့် ဤလူသား အကျပ်အတည်းကြီး၏ ရိုက်ပုတ်မှုကို ရှေ့တန်းမှနေ၍ ကြံ့ကြံ့ခံ ရင်ဆိုင်လျက် ရှိပါကြောင်း၊ ကျွန်မတို့သည် အမျိုးသမီး ခေါင်းဆောင်များအနေဖြင့် နိုးကြားရုန်းထကာ ကမ္ဘာ့ကပ်ရောဂါကြီးကို ကျော်လွှား အနိုင်ယူပြီး ပိုမိုကြံ့ခိုင်သော ကမ္ဘာကြီး ဖြစ်လာစေရန် ကြိုးပမ်းလုပ်ဆောင် ကြရမည့်အချိန် ဖြစ်ပါကြောင်း၊ သို့မှသာ ကမ္ဘာကြီးသည် ၂၀၃၀ ပြည့်နှစ်တွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များ ပြည့်မီရေး ဆက်လက်တိုးတက် ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါကြောင်း” ကုလသမဂ္ဂ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ်က ဆိုပါသည်။

ယနေ့ပြုလုပ်သည့် ဤလှုပ်ရှားမှုတွင် ပထမဆုံး ပါဝင်လက်တွဲလာ ကြသူများမှာ အီသီယိုးပီးယား သမ္မတ Sahle-Work Zewde၊ နော်ဝေးဝန်ကြီးချုပ်နှင့် အထွေထွေ အတွင်းရေးမှူးချုပ်၏ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များကို ထောက်ခံဆွေးနွေးပေးသူ Erna Solberg ၊ အထွေထွေ အတွင်းရေးမှူးချုပ်၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များကို ထောက်ခံဆွေးနွေးပေးသူ ကြင်ယာတော် Sheikha Moza bint Nasser၊ ၊  ဘာဘေးဒိုစ်ဝန်ကြီးချုပ် Mia Mottley ၊ အထွေထွေ အတွင်းရေးမှူးချုပ်၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များကို ထောက်ခံဆွေးနွေးပေးသူ Dia Mirza ပါကစ္စတန်၏ UN Women Goodwill Ambassador ဖြစ်သူ Muniba Mazari ၊ UNICEF အမှုဆောင် ညွှန်ကြားရေးမှူး Henrietta Fore ၊ UN Women ၏ အမှုဆောင် ညွှန်ကြားရေးမှူး Phumzile Mlambo-Ngcuka နှင့် UNFPA ၏ အမှုဆောင် ညွှန်ကြားရေးမှူး Natalia Kanem တို့ ဖြစ်ကြပါသည်။

ထိုအမျိုးသမီး ခေါင်းဆောင်များ အတူတကွစုပေါင်း၍ “ပိုကောင်းအောင် ပြန်လည်တည်ဆောက်ရေး” နှင့် ကမ္ဘာ့နေရာ ဒေသတိုင်းမှ လူများအခြေခံ ဝန်ဆောင်မှုများနှင့် လူမှုရေးကာကွယ် စောင့်ရှောက်မှုများကို လက်လှမ်းမီ ရရှိကြစေရေးအတွက် နိုင်ငံတကာ အကူအညီများနှင့် နိုင်ငံရေး ကတိကဝတ်များကို သာမန် ထက် ထူးကဲစွာ ဝိုင်းဝန်းပံ့ပိုးကြရန် ကုလသမဂ္ဂအဖွဲ့ကြီး၏ တိုက်တွန်းနိုးဆော်ချက်အား ထောက်ခံ အားပေးကြခြင်း ဖြစ်ပါသည်။ ဤကမ္ဘာ့ကပ်ရောဂါကြီးကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေး အကျပ်အတည်းနှင့် လူမှုရေး ပျက်ယွင်းမှုများကို အများဆုံး ခံစားကြရသည့် နိုင်ငံများနှင့် ပြည်သူများကို ကူညီပေးရန် ရည်ရွယ်၍ အဖွဲ့အစည်းများ ပူးပေါင်းထူထောင်ထားသော ကုလသမဂ္ဂ ကိုဗစ်-၁၉ တုံ့ပြန် ဆောင်ရွက်ရေးနှင့် ပြန်လည်ထူထောင်ရေး ရန်ပုံငွေအတွက် ကူညီပံ့ပိုးပေးရန်လည်း တိုက်တွန်း နှိုးဆော်  ထားပါသည်။

ဤရန်ပုံငွေအတွက် ပထမကိုးလ အတွင်းတွင် အမေရိကန်ဒေါ်လာ ၁ ဘီလျှံနှင့် နှစ်နှစ်တာ ကာလအတွင်းတွင် အမေရိကန်ဒေါ်လာ ၂ ဘီလျှံ ရရှိအောင် ဆော်သြစည်းရုံးသွားရန် ရည်ရွယ်ထားပြီး ဖွံ့ဖြိုးဆဲ ကျွန်းနိုင်ငံငယ်လေးများ အပါအဝင် ဝင်ငွေနည်းနှင့် အလယ်အလတ် ဝင်ငွေရှိသော နိုင်ငံများနှင့် ဤကမ္ဘာ့ ကပ်ရောဂါကြီး၏ လူမှုစီးပွားဆိုင်ရာ သက်ရောက်မှုများကို မမျှမတ ခါးစည်းခံကြရသည့် အမျိုးသမီးများနှင့် ကလေးများကဲ့သို့ ထိခိုက်လွယ်သော အုပ်စုများကို ကူညီပံ့ပိုး  ပေးသွားမည် ဖြစ်သည်။

ရန်ပုံငွေအတွက် နယ်သာလန်နိုင်ငံမှ ကနဦးထည့်ဝင်ငွေအဖြစ် ယူရို ၁၅ သန်း (အမေရိကန်ဒေါ်လာ ၁၆.၆ သန်း) ထည့်ဝင်ရန် ယနေ့ ကြေညာခဲ့ပြီး ယင်းနောက်တွင် နော်ဝေးနှင့် ဒိန်းမတ်နိုင်ငံတို့မှ နော်ဝေးငွေ သန်း ၁၅၀ (အမေရိကန်ဒေါ်လာ ၁၄.၁ သန်း) နှင့် ဒိန်းမတ်ငွေ သန်း ၅၀ (အမေရိကန် ဒေါ်လာ ၇.၃ သန်း) တို့ကို ထည့်ဝင်မည် ဖြစ်ကြောင်း အသီးသီး ကတိပြုထားကြပါသည်။

လာမည့် ရက်သတ္တပတ်များတွင် နိုင်ငံရေး၊ နိုင်ငံစုံနှင့် စီးပွားရေး ကဏ္ဍများမှ အမျိုးသမီး ခေါင်းဆောင်များသည် လူမှုရေးနှင့် စီးပွားရေး ပြန်လည်ထူထောင်မှုအတွက် ကုလသမဂ္ဂ၏ လမ်းပြမြေပုံကို ထောက်ခံ ပံ့ပိုးပေးရန် လည်းကောင်း၊ ကိုဗစ်-၁၉ တုံ့ပြန်ဆောင်ရွက်ရေးနှင့် ပြန်လည်ထူထောင်ရေး ရန်ပုံငွေအတွက် လိုအပ်သော ရန်ပုံငွေများ အပြည့်အဝရရှိရန် တွန်းအား ပေးဆွေးနွေးမှုများ ပြုလုပ်ရန်လည်းကောင်း Rise for All တွင် ထပ်မံပါဝင် လက်တွဲလာကြလိမ့်မည် ဟုမျှော်လင့်ပါသည်။

အယ်ဒီတာများသို့ -

အထက်ဖော်ပြပါ အမျိုးသမီး ခေါင်းဆောင်များ ပါဝင်သည့် Rise for All  ဗီဒီယိုအား ဧပြီလ ၂၇ ရက် နေ့ နေ့လည် ၁၂:၁၅ တွင် ထုတ်လွှင့်မည် ဖြစ်ပါသည်။ ထိုဗီဒီယိုကို UN YouTube channel  www.youtube.com/unitednations နှင့် UN WebTV တို့တွင်လည်း http://webtv.un.org/watch/rise-for-all/6151978398001 ရရှိနိုင်မည်ဖြစ်ပါသည်။

ဤဗီဒီယိုကို သတင်း၊ အယ်ဒီတာ့အာဘော် နှင့် စီးပွားရေး အကျိုးအမြတ်အတွက် မဟုတ်သော ရည်ရွယ်ချက်များအတွက် ကုလသမဂ္ဂအဖွဲ့၏ ဖန်တီးမှုဖြစ်ကြောင်း ဖော်ပြ၍ အသုံးပြုနိုင်ပါသည်။  ဤဗီဒီယိုနှင့် စပ်လျဉ်းသော လုပ်ပိုင်ခွင့်များ အားလုံးကို ကုလသမဂ္ဂအဖွဲ့ကြီးမှ ပိုင်ဆိုင်ပါသည်။ သိလိုသည်များရှိပါက ကုလသမဂ္ဂ AV စာကြည့်တိုက် avlibrary@un.org အား ဆက်သွယ်မေးမြန်း နိုင်ပါသည်။

ဗီဒီယို၏ embed code:

<div style='display: block; position: relative; max-width: 480px; max-height: 270px'><div style='padding-top: 56.25%;'><iframe style='width: 100%; height: 100%; position: absolute; top: 0px; bottom: 0px; right: 0px; left: 0px;' src='//www.un.org/webcast/1362235914001/B1J3DDQJf_default/index.html?videoId=6151978398001' allowfullscreen webkitallowfullscreen mozallowfullscreen frameborder='0'></iframe></div></div>

အသေးစိတ် အချက်အလက်များ သိလိုပါက ဆက်သွယ်ရန် - www.un.org/riseforall