ပြန်လည်ထူထောင်ရေးကာလအလွန် - ၂၀၃၀ ပြည့်နှစ်ဆီသို့
ပြန်လည်ထူထောင်ရေးကာလအလွန် - ၂၀၃၀ ပြည့်နှစ်ဆီသို့
အဆင့်ဆင့် ပြောင်းလဲတိုးတက်လာသော ကျွန်ုပ်တို့၏ တုံ့ပြန်ဆောင်ရွက်မှုများ
၂၀၂၀ ခုနှစ်တွင် နောက်ထပ်ကမ္ဘာ့လူဉီးရေသန်းပေါင်း ၁၀၀ အထိ အလွန်အမင်းဆင်းရဲနွမ်းပါးသည့် အခြေ အနေသို့ ရောက်ရှိအောင် တွန်းပို့ခံနေရခြင်းနှင့်အတူ အစိုရများနှင့် လူမှုအဖွဲ့အစည်းများသည် လူ့အသက်များကို ကယ်တင်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသော အနာဂတ်ဖြစ်ရေးဆောင်ရွက်ရန် ရှေး ယခင်က မကြုံခဲ့ဖူးသည့် မူဝါဒဆိုင်ရာ၊ ဥပဒေစည်းမျဉ်း စည်းကမ်းဆိုင်ရာနှင့် ဘဏ္ဍာ ရေးဆိုင်ရာ ရွေးချယ်မှုများကို ပြုလုပ်နေကြရပါသည်။ ယနေ့ ပြုလုပ်နေရသည့် ရွေးချယ်မှုများ ကို ကောင်းစွာ ပြုလုပ်နိုင်မည်ဆိုပါက ထိုရွေးချယ်မှုများသည် ကျွန်ုပ်တို့၏ လူမှုအဖွဲ့အစည်းများ နှင့် ကျွန်ုပ်တို့၏ ကမ္ဘာမြေကြီး ပိုမိုတိုးတက်ဖွံ့ဖြိုးစည်ပင်လာအောင် အသွင်ကူးပြောင်းမှုများ အား နှိုးဆွပေးနိုင်မည့် အရာများ ဖြစ်လာပါလိမ့်မည်။
ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ ကိုဗစ်-၁၉ အကျပ်အတည်းအတွက် တုံ့ပြန်ဆောင်ရွက်မှု နောက်တစ်ဆင့်တွင် ဆုံးဖြတ် ချက်ချမှတ်သူများအား ပြန်လည်ထူထောင်ရေးအလွန်ကာလ ၂၀၃၀ ပြည့်နှစ်ဆီ မှန်းမျှော်၍ ရွေးချယ် မှုများ ပြုလုပ်နိုင်အောင်၊ အဓိကနယ်ပယ်လေးရပ်ဖြစ်သော အုပ်ချုပ်ရေး နှင့် အကျိုးဆောင်ရေး၊ လူမှုရေးကာကွယ်စောင့်ရှောက်မှု၊ အစိမ်းရောင်စီးပွားရေးနှင့် ဒစ်ဂျစ် တယ်နည်းပညာ ပြောင်းလဲ ကျင့်သုံးမှုကြောင့် ဖြစ်လာနိုင်သည့် ထိခိုက်မှုများ (digital disruption) ဟူသည့် နယ်ပယ်များ၏ ခက်ခဲနက်နဲမှုနှင့် မသေချာမရေရာမှုတို့ကို စီမံခန့်ခွဲ နိုင်အောင် ကူညီပေးရန် စီစဉ်ထားပါသည်။ ဤသည်မှာ ကုလသမဂ္ဂ၏ လူမှုစီးပွားဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှု များတွင် နည်းပညာပိုင်း ဆိုင်ရာ အရ ဦးဆောင်မှုပေးရမည့် ကျွန်ုပ်တို့၏ အခန်းကဏ္ဍနှင့်လည်း သက်ဆိုင်ပါသည်။
ကိုဗစ်-၁၉ အား ကြိုတင်မြော်မြင်၍ တုံ့ပြန်ဆောင်ရွက်သွားမည်ဆိုလျှင် စိုက်ပျိုးထုတ်လုပ်ထား သည့် စားနပ်ရိက္ခာများအားလုံး၏ သုံးပုံတစ်ပုံ အလဟဿလေလွင့်ဆုံးရှုံးလျက်ရှိသော၊ လူ ၁၀ ဦး တွင် ၁ ဦး ငတ်မွတ်လျက် ရှိသော၊ အစိုးရထောက်ပံ့ကြေးများကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထက် ရုပ်ကြွင်းလောင်စာများအတွက် ၁၀ ဆပို၍ သုံးစွဲနေသော၊ လူပေါင်း ၂ ဘီလျှံကျော်သည် ပြောင်းလဲ ပျက်စီးလွယ်သော အခြေအနေ၊ ပဋိပက္ခအခြေအနေ သို့မဟုတ် အကြမ်းဖက်သော အခြေအနေတွင် နေထိုင်နေရသော ခေတ်ကာလကြီးကို အဆုံးသတ်သွားစေနိုင်ပါသည်။ ယင်းသည် ဤဗိုင်းရပ်စ် ရောဂါ ကူးစက်ပြန့်ပွားခြင်း မရှိစဉ်ကပင် ကျောင်းထွက်ခဲ့ရသူများ၊ အလုပ်လက်မဲ့ဖြစ်ရာသူများ၊ အင်တာနက်ကွန်ရက်နှင့် လျှပ်စစ်ဓာတ်အား ကွန်ရက်များ၏ ပြင်ပတွင် နေထိုင်နေကြသူများ၏ ဘဝ များကိုလည်း အသွင်ပြောင်းလဲပစ်နိုင်ပါသည်။
UNDP သည် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ တစ်ကမ္ဘာလုံး အပစ်အခတ်ရပ်စဲရေး တိုက်တွန်းနှိုးဆော်ချက်ပါ ငြိမ်းချမ်းရေးအတွက် အားသစ်လောင်း၍ ဆောင်ရွက်မှုများမှသည် ဖယ်ကြဉ်မှု၊ လူမျိုးရေးခွဲခြားမှုနှင့် ကျားမတန်းတူညီမျှ မရှိမှုများကို ကိုင်တွယ်ဖြေရှင်းရန် တိကျပြတ်သားစွာ ဆောင်ရွက်မှုများအထိ အနာဂတ်အသွင်ကူးပြောင်းမှုများကို နှိုးဆွပေးမည့် လုပ်ဆောင်ချက် ခုနစ်ခုကို ရှာဖွေဖော်ထုတ်ထားပါသည်။ ထိုလုပ်ဆောင်ချက်ခုနစ်ခုကို တစ်ပြိုင်နက်လုပ်ဆောင်ခြင်းဖြင့် ပြန်လည်ထူထောင်ရေးအလွန်ကာလ ၂၀၃၀ ပြည့်နှစ်ဆီသို့ မှန်းမျှော်လျက် လူသားဖွံ့ဖြိုးတိုးတက်မှုအတွက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် များကို လမ်းညွှန်အဖြစ် အသုံးပြု၍ သမိုင်းဝင်သော အကြီးမားဆုံး ပြောင်းလဲတိုးတက်မှုကြီး တစ်ရပ်ဆီသို့ ခုန်ပျံကျော်လွှားသွားနိုင်မည့် လမ်းကြောင်းတစ်ခုကို ဖော်ဆောင်နိုင်မည် ဖြစ်ပါသည်။
UNDP ၏ ကမ်းလှမ်းချက် ၂.၀

အုပ်ချုပ်ရေးလုပ်ငန်းစဉ်
၁။ နိုင်ငံအဆင့် အဖွဲ့အစည်းများ၏ ကိုဗစ်ကြောင့် ဖြစ်ပေါ်လာသည့် အခြေအနေသစ်နှင့် လိုက်လျော ညီထွေဖြစ်အောင် ဆောင်ရွက်နိုင်မှု စွမ်းရည်များ မြင့်မားလာအောင် ပံ့ပိုးကူညီခြင်း၊
၂။ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ပြည်ထောင်စုအဆင့်တွင် ဆောင်ရွက်ထားသည့် လွှတ်တော်ကော်မတီများ၏ မူဝါဒပိုင်းဆိုင်ရာ စိစစ်လေ့လာမှု ၁ ခုနှင့် ပြည်နယ် ၂ ခုတွင် ဆောင်ရွက်ထားသည့် စိစစ်လေ့လာမှုများ အပြီးသတ်ဆောင်ရွက်နိုင်ရေးနှင့် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု ချေးငွေများ စောင့်ကြည့်ကြပ်မတ်မှုနှင့် စပ်လျဉ်း၍ MP များကြား အသိပညာမြှင့်တင် ပေးခြင်းတို့အတွက် ကူညီပံ့ပိုးပေးခြင်း၊
၃။ ရွေးကောက်ပွဲဆိုင်ရာ အကူအညီများ စတင်ပံ့ပိုးခြင်း၊
၄။ လူ့အခွင့်အရေးကော်မရှင်အား လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၊ အခြား အကျိုး ဆက်စပ်သက်ဆိုင်သူများအတွက် အသိပညာပေး/ကမ်းလင့်ကူညီရေး အစီအစဉ်တစ်ခု ဆောင်ရွက်နိုင်အောင် ကူညီပေးခြင်း၊
၅။ အမျိုးသားအဆင့် အဂတိလိုက်စားမှုတိုက်ဖျကရေး မီဒီယာလှုပ်ရှားမှုအတွက် ပြင်ဆင်ခြင်းနှင့် ဝန်ကြီးဌာန ၂၀ အား အဂတိလိုက်စားမှု ဖြစ်နိုင်ခြေ ဆန်းစစ်ခြင်း နည်းစနစ် (CRA) သင်တန်း ပို့ချမှုများ ပြီးစီးအောင် ဆောင်ရွက်ခြင်း၊

လူမှုရေးကာကွယ်စောင့်ရှောက်မှု
၁။ ရခိုင်နှင့် ကချင် ပြည်နယ်တို့တွင် ရွေ့လျားဥပဒေအထောက်အပံ့ပေးခြင်း အစီအစဉ်များမှတစ်ဆင့် ဥပဒေအကြံဉာဏ်ပေးခြင်းနှင့် ဥပဒေဆိုင်ရာ အသိအမြင်ဖွင့်ပေးခြင်းများကို ဆက်လက်တိုးချဲ့ ဆောင်ရွက်ခြင်း၊
၂။ အရေးပေါ်တယ်လီဖုန်းလိုင်း (hotline) နှင့် အသိအမြင်ဖွင့် သတင်းများမှတစ်ဆင့် GBV အကူအညီ အထောက်အပံ့များ ပေးခြင်း၊
၃။ အပူပိုင်းဇုန်ဒေသတွင် တောင်သူသင်တန်းကျောင်း အခြေခံသဘောတရားနှင့် စိုက်ပျိုးရေးဆိုင်ရာ အကြံဉာဏ်များ ပေးခြင်းတို့အတွက် “မွမ်းမံ” နည်းပြသင်တန်း ကျင်းပပြီးစီးရန် ကူညီပံ့ပိုးခြင်း နှင့် အွန်လိုင်းမှ တိုးချဲ့ပညာပေးဝန်ဆောင်မှုများ ဆက်လက်ဆောင်ရွက်ပေးနိုင်အောင် လုပ်ဆောင်ခြင်း၊

အစိမ်းရောင်စီးပွားရေး
၁။ မူဝါဒချမှတ်သူများ၊ ပုဂ္ဂလိကကဏ္ဍနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် ကိုဗစ်-၁၉ လွန်ကာလ အစိမ်းရောင် ပြန်လည်ထူထောင်ရေး လမ်းကြောင်းများအတွက် အချက်အလက်များ ပံ့ပိုးပေး နိုင်ရန် အလား အလာရှိသော အစိမ်းရောင်စီးပွားရေး ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများအား အပြီးသတ်ပြုစုခြင်း၊
၂။ ဆင်းရဲနွမ်းပါး၍ ထိခိုက်လွယ်သော အိမ်ထောင်စုများအတွက် အစိမ်းရောင်အခွင့်အလမ်းများ လမ်းပွင့်လာစေရန် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ကုန်ထုတ်လုပ်မှုအတွက် အသုံးပြုခြင်းနှင့် ရာသီဥတုဒဏ် ကြံ့ကြံ့ခံနိုင်သော အစားထိုးဝင်ငွေများ ဖန်တီးပေးခြင်းတို့ကို အားပေးမြှင့်တင်ခြင်း၊

ဒစ်ဂျစ်တယ်နည်းပညာ ပြောင်းလဲအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ထိခိုက်မှုများ
၁။ ပြန်လည်ထူထောင်ရေးကာလတွင် အရင်းအမြစ်များကို ဦးစားပေးကိစ္စများ ရွေးချယ်အသုံးပြုနိုင် အောင် အထောက်အပံ့ပြုမည့် အများစုပေါင်းပါဝင်ကူညီသည့် ကြိုတင်သတိပေးစနစ် (early warning system crowdsourcing initiative) စတင်ကျင့်သုံးခြင်း၊
၂။ MSME များ၏ ဒစ်ဂျစ်တယ်စနစ်သို့ အသွင်ကူးပြောင်းရေးနှင့် e-commerce ကို အားပေးမြှင့်တင် ရေး အထောက်အကူဖြစ်စေမည့် ဆန်းသစ်တီထွင်မှုများ၊
၃။ ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများအတွက် ဈေးကွက်ဝယ်လိုအားများကို နားလည်သိရှိ၊ တုံ့ပြန်နိုင်စေမည့် ဒစ်ဂျစ်တယ် platform ထူထောင်ပေးခြင်း၊
၄။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအတွက် ဖန်တီးပေးထားသော မှတစ်ဆင့် ကိုဗစ်-၁၉ သတင်းအချက်အလက်မျာအား အွန်လိုင်းမှ ဖြန့်ဝေပေးသည့် လုပ်ငန်းစဉ်များ အားကောင်းဆောင် ဆောင်ရွက်ခြင်း၊
၅။ Accelerator Lab (အသစ်ပေါ်ထွက်လာသော ရေရှည်တည်တံ့ရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် အောက်ခြေမှ အထက်သို့ တင်ပြပေးလာသည့် ဒေသန္တရနည်းလမ်းများကို အားပေးသော ကုလသမဂ္ဂအဖွဲ့အစည်းများ၏ တုံ့ပြန်ဆောင်ရွက်မှုတစ်ခု) ထူထောင်းခြင်း
၆။ Dashboards များပေါ် အခြေခံ၍ Power Bi ကို အသုံးပြုခြင်းဖြင့် UNDP ၏ အဖွဲ့အစည်းတွင်း M&E စနစ်များကို အားကောင်းအောင် လုပ်ဆောင်ခြင်း၊

ကျန်းမာရေးစနစ်အား ပံ့ပိုးကူညီခြင်း
၁။ ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများအား ဆေးပစ္စည်းများ ပံ့ပိုးခြင်း၊ ရခိုင်ပြည်နယ်ရှိ စစ်တွေဆေးရုံအား ဆေးပစ္စည်းကိရိယာများ ပံ့ပိုးပေးခြင်း၊
၂။ အသိပညာဗဟုသုတများ မြင့်မားလာရေး ပညာပေးလှုပ်ရှားမှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်အောင် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများအား ကူညီပံ့ပိုးခြင်း၊ အစိုးရများထံ အသံချဲ့စက်များ ကဲ့သို့ လိုအပ်သော ပစ္စည်းကိရိယာများ ပံ့ပိုးပေးခြင်း၊
၃။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာအတွက် တိကျမှန်ကန်သော သတင်းအချက်အလက်များကို အပြန်အလှန်မေးမြန်းဖြေဆိုသည့်နည်းဖြင့် ဖြန့်ဝေနိုင်အောင် ကိုဗစ်-၁၉ Chatbot တစ်ခု တည်ထောင်နိုင်အောင် ကူညီပံ့ပိုးခြင်း၊

လူမှုစီးပွားဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ခြင်းနှင့် ပြန်လည်ထူထောင်ခြင်း
၁။ လူမှုစီးပွားဆိုင်ရာ ဆန်းစစ်မှုသုံးခု ပြုလုပ်နေပါသည်။ နိုင်ငံအဆင့်ဆန်းစစ်မှုတစ်ခုနှင့် နယ်မြေ ဒေသအလိုက် (ရခိုင်နှင့် အပူပိုင်းဇုန်) ဆန်းစစ်မှုနှစ်ခု ဖြစ်ပါသည်။ ဤဆန်းစစ်မှုများသည် အွန်လိုင်း data dashboard အသစ်တစ်ခုမှတစ်ဆင့် ကြိမ်နှုန်းမြင့် အချက်အလက်များကို ရရှိအောင် ဆောင်ရွက်ပေးရန် ဖြစ်ပြီး မြန်မာနိုင်ငံအစိုးရ၏ ပြန်လည်ထူထောင်ရေး ကြိုးပမ်းဆောင်ရွက်မှုများအတွက် လိုအပ်သော အချက်အလက်များကို ရရှိစေမည်ဖြစ်သည်။
၂။ MSME များ၏ ဒစ်ဂျစ်တယ်စနစ်သို့ အသွင်ကူးပြောင်းမှုအတွက် အစိုးရအား ပံ့ပိုးကူညီခြင်း၊
၃။ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွင် ပုဂ္ဂလိကကဏ္ဍ၏ ထိရောက်စွာ ပါဝင်ဆောင်ရွက်မှု ရရှိရေးအတွက် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)နှင့်အတူ ပုဂ္ဂလိကကဏ္ဍစကားဝိုင်းဆွေးနွေးပွဲတစ်ခု ပူးတွဲကျင်းပပေး ခြင်းဖြင့် အပြန်အလှန်ဆွေးနွေးဖလှယ်နိုင်အောင် ပံ့ပိုးကူညီခြင်း၊
၄။ ပြည်တွင်းစီးပွားရေးလုပ်ငန်းများအတွက် အကူအညီဖြစ်စေရန် ဈေးကွက်ဝယ်လိုအားများကို ပိုမို နားလည်သိရှိနိုင်စေမည့် သတင်းအချက်အလက် မျှဝေဖလှယ်မှု platform တစ်ခု ထူထောင် နိုင်အောင် ကူညီပံ့ပိုးခြင်း၊

၁။ ပြည်တွင်းမိတ်ဖက်များအား e-learning platform များ တည်ထောင်နိုင်အောင် ပံ့ပိုးကူညီခြင်း (နိုင်ငံ့ဝန်ထမ်းများ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအားသင်တန်းပေးခြင်း၊ စသည်)၊
၂။ ပြည်တွင်းမိတ်ဖက်များအား ICT စွမ်းရည်များ မြင့်မားလာအောင် (ဥပမာ လူ့အခွင့်အရေး ကော်မရှင်၊ အဂတိလိုက်စားမှုကော်မရှင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့အတွက် ဆက်သွယ်ရေး ကိရိယာများ) ပံ့ပိုးခြင်းနှင့် အဝေးမှ အလုပ်လုပ်နိုင်မည့် စနစ်များ (ဥပမာ MP များအတွက် webinar များနှင့် အွန်လိုင်း ကော်မတီအစည်းအဝေးများ ကျင်းပနိုင်အောင် ကူညီခြင်း၊ UCB အတွက် HR မော်ဂျူးများကို လိုက်လျောညီထွေပြင်ဆင်ပြုစုခြင်း) ကို အားပေးမြှင့်တင်ခြင်း၊
၃။ ဒစ်ဂျစ်တယ်စနစ်သို့ အသွင်ကူးပြောင်းမှုဆိုင်ရာ တီထွင်ဖန်တီးမှုများအတွက် ထောက်ပံ့ကြေးများ ပေးအပ်နိုင်ရန်နှင့် e-commerce ကို အားပေးမြှင့်တင်ရန် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
၄။ နောင်ဖြစ်ပေါ်လာနိုင်သည့် ရောဂါကူးစက်ပြန့်ပွားမှုများအတွက် ကြိုတင်သတိပေးစနစ်အဖြစ် ဆောင်ရွက်ပေးနိုင်ရန်နှင့် နိုင်ငံ၏ အရင်းအမြစ်များကို ဦးစားပေးကိစ္စရပ်များအတွက် သတ်မှတ် သုံးစွဲနိုင်အောင် ကူညီရန်အတွက် အများစုပေါင်းပါဝင်ကူညီပေးသော သတင်းအချက်အလက်များ (crowdsourcing information) ဖြင့် ဆန်းသစ်တီထွင်မှုများကို အားပေးခြင်း၊
အရင်းအမြစ်များ
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ စတင်ဖြစ်ပွားလာချိန်တွင် UNDP မြန်မာသည် လက်ငင်း တုံ့ပြန် ဆောင်ရွက်မှုနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက်က ယခုအချိန်အထိ ကတိကဝတ် ပြုထားသော အရင်းအမြစ်များမှာ -
၁။ ကျန်းမာရေးစနစ်အတွက် ပံ့ပိုးကူညီမှု - အမေရိကန်ဒေါ်လာ ၈၉၀,၁၅၀
၂။ အားလုံးပါဝင်နိုင်မှုရှိသော အကျပ်အတည်းအတွက် ဘက်စုံပေါင်းစပ်စီမံခန့်ခွဲမှုနှင့် တုံ့ပြန်မှု - အမေရိကန်ဒေါ်လာ ၂,၉၄၈,၈၇၅
၃။ လူမှုရေးနှင့် စီးပွားရေး ထိခိုက်မှု လိုအပ်ချက်များ ဆန်းစစ်ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း - အမေရိကန်ဒေါ်လာ ၉၆၂,၂၂၅
UNDP သည် ပြန်လည်ထူထောင်ရေးကာလတွင် မြန်မာနိုင်ငံအစိုးရအား ဆက်လက်ကူညီပံ့ပိုး ပေးသွားရန်အတွက် ကုလသမဂ္ဂ၏ လူမှုစီးပွား ပြန်လည်ထူထောင်ရေး မူဘောင် (SERF) နှင့် အညီ အရင်းအမြစ်များ သုံးစွဲမှု စီမံကိန်းရေးဆွဲခြင်းနှင့် အရင်းအမြစ်များ ဆော်ဩစည်းရုံးခြင်း တို့ကို ဆောင်ရွက်လျက် ရှိပါသည်။