UNDP မြန်မာ - ၂၀၁၇ နှစ်ပတ်လည်အစီရင်ခံစာ နှင့် ၂၀၁၃-၂၀၁၇ ရလဒ်အစီရင်ခံစာ

UNDP မြန်မာ - ၂၀၁၇ နှစ်ပတ်လည်အစီရင်ခံစာ နှင့် ၂၀၁၃-၂၀၁၇ ရလဒ်အစီရင်ခံစာ

2018- September 21

မြန်မာနိုင်ငံ၏ သုံးထပ်ကွမ်း အသွင်ကူးပြောင်းရေး (စစ်မက်ဖြစ်ပွါးမှုမှသည် ငြိမ်းချမ်းရေးဆီသို့ ၊ စစ်အုပ်ချုပ်ရေးမှသည် ဒီမိုကရေစီဝါဒဆီသို့ ၊ တံခါးပိတ်စနစ်မှသည် တံခါးဖွင့် ဈေးကွက်စီးပွါးရေးစနစ်ဆီသို့) အား ပံ့ပိုးရန် ရည်ရွယ်၍ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှု ကနဦးနှစ်များအတွင်း ပုံစံထုတ်ရေးဆွဲခဲ့သည့် နိုင်ငံ့အတွက် ပထမဆုံးသော ၂၀၁၃-၂၀၁၇ ‘ပုံမှန်’ လုပ်ငန်းအစီအစဉ်များ၏ အဆုံးသတ်နှစ်ဖြစ်သော သက္ကရာဇ် ၂၀၁၇ ခုနှစ်သည် UNDP မြန်မာအတွက် အရေးပါသော နှစ်တနှစ်ဖြစ်ပါသည်။

မြန်မာနိုင်ငံဆိုင်ရာလုပ်ငန်းအစီအစဉ်များတွင် အောက်ပါ ပင်မ လုပ်ငန်းနယ်ပယ် သို့မဟုတ် အကျိုးဖြစ်ထွန်းမှု ၃ ခု ပါဝင်သည် -

  1. ဒေသန္တရအုပ်ချုပ်ရေး
  2. သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အုပ်ချုပ်ရေး နှင့် ဘေးအန္တရာယ်ဒဏ်အား ကြံ့ကြံ့ခံနိုင်ခြင်း
  3. ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေး

UNDP မြန်မာ - ၂၀၁၇ နှစ်ပတ်လည်အစီရင်ခံစာ နှင့် ၂၀၁၃-၂၀၁၇ ရလဒ်အစီရင်ခံစာသည် ဤ နယ်ပယ် ၃ ခု တွင်းရှိ UNDP ၏ လုပ်ငန်းဆောင်တာများ၏ အကျိုးသက်ရောက်မှုနှင့် ရလဒ် အသေးစိတ်ကိုသာမက ရန်ပုံငွေနှင့် မိတ်ဖက်များအကြောင်းကိုပါ ဖော်ပြသည်။