မြန်မာ့ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ လွှတ်တော်အတွင်းအပြင်အနေအထားအား ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်း

မြန်မာ့ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏ လွှတ်တော်အတွင်းအပြင်အနေအထားအား ခွဲခြမ်းစိတ်ဖြာသုံးသပ်ခြင်း

2019- March 4

တိုင်းဒေသကြီး/ပြည်နယ်အဆင့်တွင် လွှတ်တော်များက မည်သို့လုပ်ငန်းဆောင်ရွက်ပုံ ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့် မည်သို့အပြန်အလှန်ဆက်သွယ်ပုံ ၊ ၎င်းတို့အား ရွေးကောက်တင်မြှောက်ထားသည့် မြို့နယ်များ၏ အုပ်ချုပ်ရေးတွင် ပါဝင်နေသည့် ပါလီမန်အဖွဲ့ဝင်များ၏ အခန်းကဏ္ဍတို့အား ဤစာစောင်က မီးမောင်းထိုးပြပေးသည်။ လွှတ်တော်အသီးသီးက ကျင့်သုံးသည့် လုပ်ဆောင်မှုကောင်းများ နှင့် ဒီမိုကရေစီနည်းလမ်းကျဆန်းသစ်တီထွင်မှုများအား ဖော်ထုတ်ပေးပြီး အပြည်ပြည်ဆိုင်ရာ စံနှုန်း ၊ ပါလီမန်အုပ်ချုပ်ရေး၏ စံချိန်တင် [ဆောင်ရွက်ချက်] များနှင့် လွှတ်တော်ကျင့်ထုံးများအား နှိုင်းယှဉ်ရာမှ ကောက်နှုတ်ယူထားသည့် လွှတ်တော်ပြုပြင်ပြောင်းလဲရေးအတွက် တိုက်တွန်းအကြံပြုချက်များကို အဆိုပြုပေးသည်။