မြန်မာ့ကျေးလက်ဒေသ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖွံ့ဖြိုးရေး (RURED) စီမံချက် - သဘာဝပတ်ဝန်းကျင် နှင့် လူမှုဝန်းကျင် စီမံခန့်ခွဲရေးမူဘောင် မူကြမ်း

English

pdf (1MB)

Download

မြန်မာ့ကျေးလက်ဒေသ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖွံ့ဖြိုးရေး (RURED) စီမံချက် - သဘာဝပတ်ဝန်းကျင် နှင့် လူမှုဝန်းကျင် စီမံခန့်ခွဲရေးမူဘောင် မူကြမ်း

2019- May 16

GEF အတွင်းရေးမှူးထံ ၂၀၁၉ မေလအရောက် ပေးပို့နိုင်ရန် UNDP က မြန်မာနိုင်ငံ ကျေးလက်ဒေသ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအစီအစဉ်ကို GEF ၏ ဘဏ္ဍာငွေအထောက်အပံ့ဖြင့် အပြီးသတ်ရေးဆွဲလျက်ရှိသည်။ စီမံချက်ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းစဉ်၏ ပဓာနကျသောအစိတ်အပိုင်းတရပ်အနေဖြင့် ဤသဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်စီမံခန့်ခွဲရေးမူဘောင် (ESMF) ကို UNDP က ပြင်ဆင်ပေးပြီးဖြစ်ပါသည်။ UNDP-GEF စီမံချက် မြန်မာကျေးလက်ဒေသ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ဖွံ့ဖြိုးရေးပရိုဂရမ်  (RURED) သည် UNDP ၏ လူမှုနှင့်သဘာဝပတ်ဝန်းကျင်စံနှုန်းများ (SES) (www.undp.org/ses) နှင့် ကိုက်ညီကြောင်း သေချာမှုရှိစေရန်အတွက် GEF အေဂျင်စီ က စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနလက်အောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဌာနမှတဆင့် မြန်မာနိုင်ငံအစိုးရနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

SES အရ UNDP စီမံချက်အားလုံးတွင် စီမံချက်ကြောင့်ဖြစ်ပေါ်လာဖွယ်ရာရှိသည့် သဘာဝပတ်ဝန်းကျင်နှင့်လူမှုဝန်းကျင်ဆိုင်ရာ အလားအလာရှိ အခွင့်အလမ်းများကို ထည့်သွင်းစဉ်းစားရန်နှင့် မလိုလားဖွယ်ရာ လူမှုနှင့်သဘာဝပတ်ဝန်းကျင်အား ဘေးဖြစ်စေမည့်အလားအလာများနှင့် အကျိုးသက်ရောက်မှုများအား ရှောင်ရှားရန် ၊ လျှော့ချရန် ၊ လျော့ပါးသွားစေရန် နှင့် စီမံခန့်ခွဲရန် လိုအပ်သည်။

လုပ်ငန်းဖော်ဆောင်ရေးမိတ်ဖက်များ ၊ ဒေသခံရပ်ရွာလူထုများ ၊ ပုဂ္ဂလိကဏ္ဍ နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင်ခြင်းများ ပါဝင်သော စီမံချက်ဒီဇိုင်းရေးဆွဲခြင်းလုပ်ငန်းကာလ၏ အစိတ်အပိုင်းတရပ်အနေဖြင့် ESMF မူကြမ်းကို လူမှုနှင့် သဘာဝပတ်ဝန်းကျင် စိစစ်အကဲဖြတ်ရေးလုပ်ငန်းစဉ် (UNDP ၏ SESP) အပေါ်အခြေပြု၍ ပြင်ဆင်ပြီးဖြစ်သည်။ ဤမူကြမ်းကို စီမံချက်၏ ဘေးအန္တရာယ်အလားအလာ အုပ်စုခွဲခြင်းပေါ်အခြေခံ၍ ရေးဆွဲပြီး အလားအလာရှိအကျိုးသက်ရောက်မှုများအား နောက်တိုးဆန်းစစ်လေ့လာမှု ၊ အန္တရာယ်လမ်းကြောင်းစီမံခန့်ခွဲရေးအတွက် လျော်ကန်သည့်နည်းလမ်းများ ဖော်ထုတ်ခြင်းနှင့် ရေးဆွဲခြင်းများအတွက် စီမံချက်စတင်/အကောင်အထည်ဖော်စဉ်ကာလများအတွင်း ဆောင်ရွက်နေမည့် လုပ်ငန်းစဉ်များအား အကြမ်းဖျဉ်းဖော်ပြပေးပါသည်။ သီးသန့် စီမံခန့်ခွဲရေးအစီအမံများ ပြီးမြောက်ရေးအတွက် လုပ်ငန်းစတင်/အကောင်အထည်ဖော်စဉ်ကာလအတွင်း ဆက်လုပ်ရမည့် လုပ်ငန်းအဆင့်များကို အင်အားအသင့်အတင့်ရှိ အန္တရာယ်အလားအလာဆိုင်ရာ SESP ရလဒ်များ အပေါ်မူတည်၍ ESMF မူကြမ်းက အကျိုးအကြောင်း ခိုင်ခိုင်လုံလုံဖြင့် ဖော်ထုတ်သတ်မှတ်ပါ သည်။ လုပ်ငန်းအကောင်အထည်ဖော်မှုအတွက် အခန်းကဏ္ဍများနှင့် တာဝန်ဝတ္တရားများကို ထိုမူကြမ်းက အသေးစိတ်ဖော်ပြထားသည့်အပြင် လျာထားငွေ ၊ စောင့်ကြည့်လေ့လာရေးနှင့် အကဲဖြတ်သုံးသပ်ရေး အသေးစိတ် အစီအမံလည်း ပါရှိသည်။  

ကမ်းလှမ်းထားသော ရင်းနှီးမြုပ်နှံမှုများ၏ သဘာဝပတ်ဝန်းကျင်နှင့်လူမှုဝန်းကျင်ပေါ် အကျိုးသက်ရောက်မှုများအား ဖော်ထုတ်သတ်မှတ်ပြီး လျော့ပါးသက်သာစေရာတွင် လမ်းညွှန်ပေးမည့် လက်တွေ့နိဿရည်း တခုအဖြစ်သာမက စိတ်ပါဝင်စား ဩဇာသက်ရောက်သူများ ၊ စီမံချက်မှအကျိုးခံစားရမည့်သူများနှင့် ဆွေးနွေးတိုင်ပင်ရာတွင် မူတခုအဖြစ်ပါ ဆောင်ရွက်နိုင်စေရန် ESMF အား ရည်ရွယ်ထားပါသည်။ စီမံချက် ရုပ်လုံးပေါ်စေသည့် မူဝါဒ ၊ စီမံချက်အခွဲများအတွက် စီစစ်ရွေးထုတ်မှု အကဲဖြတ်သတ်မှတ်ချက်များ ၊ စီမံချက်အခွဲများ၏ သဘာဝပတ်ဝန်းကျင်နှင့်လူမှုဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများ နှင့် ဖော်ထုတ်သတ်မှတ်ပြီးသော ဘေးဖြစ်စေမည့်အလားအလာများကို လျော့ချရေးနည်းလမ်းများ ၊ ဌာနဆိုင်ရာစွမ်းဆောင်ရည် နှင့် လုပ်ငန်းစွမ်းဆောင်ရည် ဖြည့်တင်းခြင်းဆိုင်ရာ ကွာဟချက်များအတွက် နည်းလမ်းများအား ဆန်းစစ်လေ့လာခြင်း စသည်တို့ကို ESMF က ဖော်ထုတ်သတ်မှတ်သည်။