စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ “SDGs” အတွက် ဒစ်ဂျစ်တယ်တီထွင်ဆန်းသစ်မှု၆ခုကို Virtual Demo Day 2020 တွင် ပြသ

The Hackathon 2019 ဆုရ စိတ်ကူးဉာဏ်များကို မီးမောင်းထိုးပြခြင်း

2020- December 14

ရန်ကုန် မြန်မာ။

အလားအလာရှိသည့် နည်းပညာဆိုင်ရာစွန့်ဦးတီထွင်လူငယ်များသည် ရှေ့သို့လှမ်း၍ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်စနစ် ပြောင်းလဲဖော်ဆောင်ခြင်းကို အဆင့်သစ်တစ်ခုအဖြစ် တိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။  “Innovation Hub – supporting the SDGs”မှ ကျင်းပသည့် Virtual Demo Day အစီအစဉ်သည် အူရီဒူးမြန်မာနှင့် UNDP တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့်  the  Hackathon 2019 မှ မြန်မာ့ထူးချွန်နည်းပညာစွန့်ဦးလုပ်ငန်း ဆုရအသင်းငါးသင်း နှင့် ဆန်ခါတင်အသင်းတစ်သင်းတို့၏ ဒစ်ဂျစ်တယ်တီထွင်ဆန်းသစ်မှု စုစုပေါင်း၆ခုကို ပြသခဲ့ပါသည်။

ယနေ့   Virtual Demo Day အခမ်းအနားသည် နိုင်ငံအဆင့်ပြိုင်ပွဲတွင် ကျွမ်းကျင်စွာပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Innovation Hub ၏ အနီးကပ်လေ့ကျင့်ပျိုးထောင် သင်ကြားမှုအစီအစဉ်များကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည့်အပြင် Innovation Hub မှ COVID-19 နှင့်ပါတ်သတ်ပြီး ပူးပေါင်းဆောင်ရွက်မှုများအတွက် လည်းကောင်း၊ အခြားလုပ်ဆောင်ချက်များဖြစ်သည့် ကမ္ဘာ့သဘာဝ ပတ်ဝန်းကျင်နေ့ ၂၀၂၀ ကို မြန်မာနိုင်ငံမှ ဒစ်ဂျစ်တယ်စနစ်ဖြင့်ဆင်နွှဲခြင်း စသည်တို့အတွက်လည်းကောင်း စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက် ပေးခဲ့ကြသည့် ၎င်းနည်းပညာဆိုင်ရာ စွန်ဦးတီထွင်ဖန်တီးရှင်များအတွက် အလွန်စောင့်ဆိုင်းခဲ့ရသည့် ပွဲဦးထွက်အဆင့်ဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်တွင် ကျင်းပခဲ့သည့် အူရီဒူး-UNDP Hackathon တွင် ပါဝင်ယှဉ်ပြိုင်သူများသည် မြန်မာနိုင်ငံမှရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို အဖြေရှာရန်အတွက် ဒစ်ဂျစ်တယ်သုံးဖြေရှင်းချက်များကို စမ်းသပ်ပုံစံများစတင်ဖန်တီးခဲ့ကြပါသည်။ ၎င်းတို့တွင် ရာသီဥတု ပြောင်းလဲခြင်း၊ ပညာရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ပါဝင်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ (SDGs) တို့ကို အောင်မြင်မှုရရှိရန် ပံ့ပိုးကူညီနိုင်အောင် ဖြစ်ပါသည်, ဥပမာအားဖြင့် ရည်မှန်းချက်ပန်းတိုင် ၃ - ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး၊ ရည်မှန်းချက်ပန်းတိုင် ၅ -  ကျား- မ တန်းတူညီမျှရှိရေးတို့ဖြစ်ပါသည်။    

COVID-19 ကာလအတွင်း ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်ဖန်တီးနိုင်မှုအတွက် ကြိုးပမ်းမှု ခရီးစဉ်သည် မလွယ်ကူခဲ့ပါ။ ကမ္ဘာကပ်ရောဂါ COVID-19 ကိုတုံ့ပြန်ဆောင်ရွက်သည့်အနေဖြင့် လေ့ကျင့်သင်ကြား ပျိုးထောင်ပေးခြင်းအစီအစဉ်များနှင့် Tech 101 ဒစ်ဂျစ်တယ်ဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲများအပါအဝင် Innovation Hub၏ဝန်ဆောင်မှုများကိုအွန်လိုင်းသို့ပြောင်းလဲခဲ့ပါသည်။လက်တလောပိတ်ဆို့မှု အခြေအနေက ပါဝင်သူများအတွက် Innovation Hub ၏ ပူပေါင်းအလုပ်လုပ်ကိုင်သောနေရာကို အသုံးပြုနိုင်မှု၊ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုနှင့် စီးပွားရေးကွန်ရက်တို့အပေါ် သက်ရောက်မှုများရှိစေခဲ့ပါသည်။

မည်သို့ပင်ဖြစ်စေ Innovation Hub ၏ ဒစ်ဂျစ်တယ်အစီအစဉ်များသည် လူငယ်များ၏ အသံများကို ချဲ့ထွင်ပေးလျက်ရှိပြီး ၎င်းတို့အား မူဝါဒစကားဝိုင်းများတွင်ပါဝင်ဆွေးနွေးနိုင်စေရန် ကြားခံပလက်ဖောင်း များ ပေးလျက်ရှိပါသည်။ Hackathon ၂၀၁၉ အနိုင်ရအသင်း “Innovatory” ၏ COO ဖြစ်သူ ဦးကျော်ဇင်ထက်၏  မိုဘိုင်းအက်ပလီကေးရှင်းဖြစ်သည့် “Sein” ကို ယနေ့ပွဲအတွက် မီးမောင်းထိုးပြသခဲ့ပြီး ယခုနှစ်အစောပိုင်း ကမ္ဘာပတ်ဝန်းကျင်နေ့ ၂၀၂၀ ကို ဆင်နွှဲသည့် အွန်လိုင်းဆွေးနွေးပွဲစကားဝိုင်းတွင် လူငယ် ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့ပါသည်။

ယနေ့ပြသခဲ့သော ဒစ်ဂျစ်တယ်တီထွင်ဆန်းသစ်တီထွင်မှု ၆ခုသည် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်စနစ် ပြောင်းလဲဖော်ဆောင်ရေးနှင့် ရေရှည်စဉ်ဆက်မပြတ်ဖွံဖြိုးတိုးတက်ရေးတို့ကို အရှိန်အဟုန် မြှင့်တင်ရန် အလားအလာကောင်းများကို ဖော်ထုတ်ပြသနိုင်ခဲ့ပါသည်။ TweeTwee အသင်း၏ TweeBot နှင့် Garage အသင်းရဲ့ Mentiply တို့က အဆင့်မြင့်ပညာရေးအတွက် ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ဖြေရှင်းချက်များကို ဖော်ထုတ်ပေးနိုင်ခဲ့ပြီး ၎င်းတို့မှာ ယခု COVID-19 အခြေအနေအတွက် ပိုပြီးသင့်လျော်အောင် ဖန်တီးပြုလုပ်ထားပါသည်။ AgriLight အသင်း၏ de4up နှင့် Glorius အသင်း၏ Sein Lan တို့က ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးအတွက် ငွေကြေးပိုင်းနှင့်စျေးကွက်ပိုင်း ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ ဖြေရှင်းချက်များကိုလည်းကောင်း၊ Innovatory အသင်း၏ Sein အက်ပလီကေးရှင်းက မြန်မာနိုင်ငံ၏ green e-commerce platform ကို ပိုမိုမြှင့်တင်ပေးပြီး၊  F အသင်း၏ Clinic One က ဒစ်ဂျစ်တယ် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများကိုလည်းကောင်းပေးအပ်ရန် ဖော်ထုတ်ပြသခဲ့ကြပါသည်။

အူရီဒူးမြန်မာ၏ Chief Commercial Officer ဖြစ်သူ Mr. Alok Verma မှ “ယခုကဲ့သို့ ဒစ်ဂျစ်တယ်စနစ်ပြောင်းလဲဖော်ဆောင်ရေးက နယ်ပယ်အသီးသီးမှာပြောင်းလဲမှုတွေကို မောင်းနှင်နေစဉ်မှာ မြန်မာလူငယ်တွေက မြန်မာနိုင်ငံရဲ့ ပိုမိုကောင်းမွန်တောက်ပသောအနာဂါတ်ကို ပုံဖော်နိုင်ဖို့အတွက် ဒစ်ဂျစ်တယ်နည်းပညာတွေကိုအသုံးပြုရန် အကောင်းဆုံးသော အလားအလာတွေရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာလူငယ်တွေက မြန်မာနိုင်ငံကို ဒစ်ဂျစ်တယ်နိုင်ငံအဖြစ် ပုံဖော်တည်ဆောက်ရန်နဲ့ ပြောင်းလဲနေတဲ့ကမ္ဘာကြီးနဲ့ရင်ဘောင်တန်းနိုင်ဖို့ မိမိတို့ရဲ့အလားအလာကောင်းတွေကို ပြည့်ဝစွာ ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ ဖြစ်နိုင်သောအခွင့်အရေးတွေကို ပေးအပ်နိုင်တဲ့အတွက် အထူးဂုဏ်ယူမိပါတယ်။ အူရီဒူးက မြန်မာနိုင်ငံရဲ့ဒစ်ဂျစ်တယ်စနစ်ပြောင်းလဲဖော်ဆောင်မှုကို ပံ့ပိုးပေးနိုင်ရန် မြန်မာလူငယ်တွေကို ဆန်းသစ်တဲ့ ဒစ်ဂျစ်တယ်ဗဟုသုတတွေ၊ ဝန်ဆောင်မှုတွေ၊ ထုတ်ကုန်တွေနဲ့  အနာဂါတ်အစီအစဉ်တွေနဲ့အတူ လုပ်ဆောင်နိုင်စွမ်းတွေမြင့်မားအောင် ပံ့ပိုးကူညီလျက်ရှိပါတယ်။ အူရီဒူးအနေနဲ့ “အများပြည်သူရဲ့ ဒစ်ဂျစ်တယ်လူမှုဘဝကို ပြည့်စုံကောင်းမွန်စေမည်” ဆိုတဲ့ ရည်မှန်းချက်ပြည့်ဝအောင် မြန်မာနိုင်ငံမှာ လူမှုဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆက်လက်ပြီး တစ်စိုက်မတ်မတ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”  ဟုပြောကြားလိုက်ပါသည်။

UNDP မြန်မာ၏ Deputy Resident Representative ဖြစ်သူ Dawn Del Rio မှလည်း “ UNDP အနေနဲ့ မြန်မာနိုင်ငံကို ဒစ်ဂျစ်တယ်နည်းပညာတွေအသုံးပြုပြီး ပိုမိုတိုးတက်ကောင်းမွန်အောင်တည်ဆောက်ပြီး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင် (SDGs) တွေကို ပြည့်မီဖို့အတွက် မြန်မာနိုင်ငံရဲ့ အများပိုင်နဲ့ပုဂ္ဂလိကကဏ္ဍ စီးပွားရေးလုပ်ငန်းတွေလုပ်ဆောင်ပုံကို ပြောင်းလဲဖို့အတွက် မြန်မာလူငယ်တွေက ပြောင်းလဲမှုတွေဖော်ဆောင်ပေးနိုင်တယ်ဆိုတာ သိရှိပါတယ်။ ယနေ့ အွန်လိုင်းသရုပ်ပြအခမ်းအနားက ထူးချွန်လူငယ်တွေကို မိမိတို့ရဲ့ကျွမ်းကျင်မှုတွေကို အသုံးချပြီး SDGs တွေကို  အရှိန်အဟုန်မြှင့်ဖော်ဆောင်ရန် မြန်မာ့ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုဆိုင်ရာ အားထုတ်ကြိုးပမ်းမှုတွေမှာ ပါဝင်လာပြီး ပိုမိုတိုးတက် လာအောင်ဆောင်ရွက်နိုင်ဖို့နဲ့ မဖွံ့ဖြိုးသေးတဲ့နေရာတွေကိုပါ ရောက်ရှိပြီး တစ်ဦးတစ်ယောက်မှ မကျန်ခဲ့ စေရအောင် ကူညီပေးနိုင်ဖို့  စိတ်အားထက်သန်လာအောင် လှုံ့ဆော်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။” ဟုပြောကြားလိုက်ပါသည်။

ယနေ့ Demo Day သည် အူရီဒူးမြန်မာနှင့် UNDP တို့၏ အကျိုးဖြစ်ထွန်းသည့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်မှ Hackathon 2019 ခရီးစဉ် အောင်မြင်စွာပြီးမြောက်မှုကို ကိုယ်စားပြုပါသည်။

“Innovation Hub - supporting the SDGs” သည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များအား ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုဖြင့် အောင်မြင်မှုရရှိအောင် အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နိုင်ရန် လူငယ်များနှင့်နည်းပညာဆိုင်ရာ စွန့်ဦးတီထွင်သူများအတွက် မိမိတို့ရဲ့ တီထွင် ဆန်းသစ်မှုစိတ်ကူးဉာဏ်များကို ဖော်ထုတ်ပြသနိုင်ရန်၊ အဆင့်မြှင့်တင်နိုင်ရန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် အတူတကွပူပေါင်းလုပ်ကိုင်နိုင်မည့် နေရာတစ်ခုဖြစ်ပါသည်။

 “The Hackathon”သည် မြန်မာနိုင်ငံမှလူငယ်များ၏ ဒစ်ဂျစ်တယ်နည်းပညာပိုင်းဆိုင်ရာဆန်းသစ်တီထွင်နိုင် စွမ်းနှင့် စွန့်ဦးဖော်ဆောင်နိုင်စွမ်းများအား ယှဉ်ပြို်ငမှုနှင့် လုပ်ငန်းတစ်ရပ်အသွင် တိုးတက်အောင် လမ်းကြောင်းပေးမြှင့်တင်ပေးနိုင်ရန် အူရီဒူးမြန်မာနှင့်UNDPတို့မှ ပူးပေါင်းပြုလုပ်သည့် အထူးအစီအစဉ်တစ်ခု ဖြစ်ပါသည်။ ၄င်းသည် မြန်မာနိုင်ငံမှ လူငယ်များ၏ ဆန်းသစ်သော စိတ်ကူးအကြံဉာဏ်များအား ပြသနိုင်မည့် စမ်းသပ်ပုံစံများကို ဖန်တီးနိုင်ရန် လမ်းကြောင်းတစ်ရပ်ပေးအပ်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များအား ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်မှုဖြင့်  အောင်မြင်မှုရရှိအောင်   အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပါသည်။

-----------------------------------------------------------   ပြီး   -----------------------------------------------------

 

ဆက်သွယ်ရန်

အူရီဒူးမြန်မာ သတင်းပြန်ကြားရေးအဖွဲ့ | +၉၅၉ ၉၇ ၃၃၃၃၃ ၂၂ czar@ooredoo.com.mm

UNDP သတင်းပြန်ကြားရေးအဖွဲ့ | +၉၅၉ ၄၅၀၀ ၅၇၇၃၀ | si.thu.soe.moe@undp.org

အူရီဒူးမြန်မာ၏ အကြောင်း

 

အူရီဒူးမြန်မာသည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများပေးအပ်ရန် ၂၀၁၃ ခုနှစ်၊ ဇွန်လ တွင်လိုင်စင်ရရှိခဲ့ပြီး ၂၀၁၄ခုနှစ်၊ ဩဂုတ်လတွင် 3Gကွန်ရက်နှင့်အတူ ဆက်သွယ်ရေး ဝန်ဆောင်မှုများအား စတင်ပေးအပ်ခဲ့ပါသည်။ အူရီဒူးမြန်မာသည် “အများပြည်သူ၏ ဒစ်ဂျစ်တယ်လူမှုဘဝကို ပြည့်စုံကောင်းမွန်စေမည်” ဆိုသည့် ရည်မှန်းချက်နှင့်အတူ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် ဝန်ဆောင်မှုများ ပေးအပ်ရာ၌ ဦးဆောင်လျှက်ရှိနေပါသည်။

အူရီဒူးမြန်မာသည် နောက်ဆုံးပေါ် ဆန်းသစ်တီထွင်ဖန်တီးထားသည့် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို မြန်မာနိုင်ငံသို့ ယူဆောင်ပေးလာခဲ့ပါသည်။ ၂၀၁၆ ခုနှစ်၊ မေလတွင် အမြန်ဆန်ဆုံးသော 4G ကွန်ရက်ကို မြန်မာနိုင်ငံ၌ ပထမဦးဆုံးစတင်ဝန်ဆောင်မှုပေးအပ်ခဲ့ပြီး ၎င်း၏ အမြန်ဆန်ဆုံး 4Gကွန်ရက်ဖြင့် မြို့နယ်ပေါင်း ၃၀၀ ကျော်ကို ပထမဦးဆုံးလွှမ်းခြုံပေးနိုင်ခဲ့သည့် အော်ပရေတာဖြစ်ပါသည်။

အူရီဒူးမြန်မာသည် လက်ရှိတွင် သုံးစွဲသူတစ်ဦးချင်းစီအတွက် နေ့စဉ်လှုမှုဘဝများကို ပြည့်ဝကောင်းမွန်စေမည့် ဝန်ဆောင်မှုများနှင့် စီးပွားရေးလုပ်ငန်းများ၊ အစိုးရဌာနများနှင့် အသေးစားနှင့်အလတ်စား လုပ်ငန်းများအတွက် လုပ်ငန်းဆောင်တာများ အဆင်ပြေချောမွေ့စေမည့် ဝန်ဆောင်မှုများစွာ ပေးအပ်လျက် ရှိပါသည်။ အဆိုပါဝန်ဆောင်မှုများသည် လူမှုဘ၀ဖွံ့ဖြိုးရေး နှင့် လုပ်ပိုင်ခွင့် အခွင့်အလမ်းများ ရရှိရေးတို့ကို ဦးတည်၍ ဝန်ဆောင်မှုပေးထားသဖြင့် ပြည်သူများအား လုပ်ဆောင်နိုင်စွမ်းများကို မြှင့်တင်ပေးခြင်းနှင့် စီးပွားရေးလုပ်ငန်းများ ပိုမိုချောမွေ့စွာ လုပ်ဆောင်ရန် ပံ့ပိုးပေးနိုင်မည်ဖြစ်ပါသည်။ အူရီဒူးမြန်မာသည် ၎င်း၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ နှင့် လူမှုအကျိုးပြုလုပ်ငန်းများမှတဆင့် ပြည်သူများ၏ဘဝကို ပြည့်စုံကောင်းမွန်စေရန် လုပ်ဆောင် ပေးသွားမည်ဖြစ်ပါသည်။

Website: www.ooredoo.com.mm

Instagram: @ooredoomyanmar

Facebook: www.facebook.com/OoredooMyanmar

LinkedIn: www.linkedin.com/company/ooredoomyanmar

UNDP ၏ အကြောင်း

UNDP သည် နိုင်ငံပေါင်း ၁၇၀ ကျော်တွင် လုပ်ငန်းများ လုပ်ကိုင်လျက် ရှိပြီး နိုင်ငံတကာအယူအဆများ၊ ပြည်တွင်းအသိအမြင်များ၊ နည်းပညာ အကူအညီများ၊ မူဝါဒ အကြံပြုချက်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အထောက်အကူပြု လုပ်ငန်းများကို စီစဉ်ပံ့ပိုးပေးလျက်ရှိသည်။ UNDP သည် ကမ္ဘာတဝန်းရှိ နိုင်ငံများ၏ အလွန်အမင်း ဆင်းရဲမွဲတေမှု ပပျောက်ရန်၊ မညီမျှမှုများလျော့ကျသွားစေရန်နှင့် ၂၀၃၀ ပြည့်နှစ်တွင် အကောင်အထည်ဖော်နိုင်ရန် ရည်မှန်းလုပ်ဆောင်နေသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ အောင်မြင်ပြည့်မီရန် ရည်ရွယ်လုပ်ဆောင်လျက် ရှိသည်။

မြန်မာနိုင်ငံတွင် UNDP သည် ၁၉၅၀ ပြည့်နှစ်များမှစတင်ပြီး ပြည်သူလူထုထံသို့ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အကူအညီများအား ပေးအပ်လျက်ရှိသည်။ ယနေ့တွင် UNDP သည် ၂၀၃၀ ပြည့်နှစ်တွင် အကောင်အထည်ဖော်နိုင်ရန် ရည်မှန်းလုပ်ဆောင်နေသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ အောင်မြင်ပြည့်မီရန်အတွက် အကောင်းမွန်ဆုံး နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့် စံချိန်စံနှုန်းများနှင့်အတူ လုပ်ဆောင်လျက်ရှိသည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးမှ ချမှတ်ထားသည့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ၊ လက်တွေ့စမ်းသပ်ထားပြီးဖြစ်သည့် လုပ်ငန်းစဉ်များအား အသုံးပြု၍ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး၊ စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်များနှင့် ပတ်သက်၍ ၂၀၃၀ ပြည့်နှစ်တွင် ပြည့်မှီစေရန် မျှော်မှန်းထားသည့် ရည်မှန်းချက်များအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် အစိုးရနှင့် ပြည်သူလူထုအား ပံ့ပိုးကူညီလျက် ရှိသည်။

Facebook: www.facebook.com/UNDPMyanmar

Twitter: www.twitter.com/UNDP_Myanmar

Website: www.mm.undp.org