ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှု ကဏ္ဍအတွင်းရှိ ကျား၊မရေးရာ တန်းတူညီမျှမှု (GEPA) - ဆိုင်ရာ အကြံဉာဏ်ကောင်းများအတွက် ဆုရရှိသူများ

2020- October 12

ပြည်သူ့ရေးရာစီမံအုပ်ချုပ်မှု ကဏ္ဍအတွင်းရှိ ကျား၊မရေးရာ တန်းတူညီမျှမှု (GEPA) မြန်မာနိုင်ငံအကြောင်း လေ့လာမှုအား မိတ်ဆက်ခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် UNDP သည် နိုင်ငံ့ဝန်ထမ်းကဏ္ဍတွင် ကျား၊မတန်းတူညီမျှမှုကို မြှင့်တင်ရန် အကြံဉာဏ်ကောင်းများကို ဖိတ်ခေါ်တောင်းခံခဲ့ပါသည်။ Covid-19 ကြောင့် သွားလာမှုအကန့်အသတ်များကြောင့် စာတမ်းမိတ်ဆက်ခြင်းအခမ်းအနားကို online မှသာ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အားလုံး၏ အကြံဉာဏ်များထဲမှ UNDP က ရွေးထုတ်လိုက်သော အကြံဉာဏ် ၁၀ခု (top 10) ကို လူကြိုက်အများဆုံး အကြံဉာဏ်များအဖြစ် ရွေးချယ်ရန် Zoom Poll တစ်ခုကို ပြုလုပ်ခဲ့ပါသည်။

ထိုသို့ရွေးချယ်ခဲ့ရာတွင် အကောင်းဆုံး အကြံဉာဏ်နှစ်ခု ရရှိခဲ့ရာ နိုင်ငံ့ဝန်ထမ်းကဏ္ဍတွင် အလုပ်နှင့် မိသားစုဘ၀ မျှတခြင်းအတွက် မဟာဗျူဟာသည် လူကြိုက်အများဆုံးဖြစ်ခဲ့သည်။ နောက်တစ်ခုမှာ ကျား၊မ သတ်မှတ်ချက် သို့မဟုတ် လိင်စိတ်တိမ်းညွှတ်မှုတို့ မည်သို့ပင်ဖြစ်စေကာမူ အမျိုးသမီးများနှင့် အမျိုးသားများအတွက် နိုင်ငံ့ဝန်ထမ်းကဏ္ဍသည် အားလုံးပါဝင်သော လုပ်ငန်းခွင်တစ်ခုဖြစ်ရေး မဟာဗျူဟာဖြစ်သည်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ (UCSB) နှင့် ဦးသန်းထိုက်တို့သည်  Winner ရရှိသူများဖြစ်ပြီး ဒုတိယရရှိသူမှာ ခွန်းကေဗြယ် ဖြစ်ကြောင်း ကြေငြာအပ်ပါသည်။ ဆုရရှိသူများအားလုံးအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ထပ်လောင်းပြောကြားလိုပါသည်။

နိုင်ငံ့ဝန်ထမ်းကဏ္ဍအတွင်း ကျား၊မ ရေးရာနှင့် မတူကွဲပြားမှုဆိုင်ရာ မဟာဗျူဟာတွင် ၎င်းအကြံဉာဏ်များ အားလုံးကို ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကာ ဖိတ်ခေါ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သူများအားလုံးကို ချီးကျူးဂုဏ်ပြုအပ်ပါသည်။